Publication

Every book is a seat at the table

Written by women, in their own languages: political analysis, testimony, poetry and art. Sixteen journal issues, six special-series books, nine awareness handbooks and five research papers since 2024. Click any cover to read.

16journal issues
6special-series books
9awareness handbooks
4 + 1discussion papers + policy paper
Pillar 2 · Women's Might Women's Voice Program

Women's Voice – Women's Might Journal

The heart of our media pillar: a space where women write political analysis, testimony, poetry and art in their own language. Sixteen issues in under three years, each one a stand against silence.

Campaign guides

Awareness handbooks

Short, shareable guides for international days and campaigns, from ending violence against women to non-binary inclusion and the Women, Peace and Security agenda.

Reports

Reports

October 2026

4 Years Journey 2022–2026

We, Women, From the Margins to Political Representation: what we built in four years, what we learned and our plan to 2035.

Full report (PDF)Mini booklet
October 2024

Women in Politics Forum Report

The first Women in Politics Forum, 27–29 October 2024, organised with the NUG Ministry of Women, Youths and Children Affairs.

Read the report

Statements and announcements are on Report and Announcement.

Poems, stories and portraits

Creative writing by PFWM members and alumni, in Burmese.

ကဗျာကဏ္ဍ · Poems ရုပ်ပုံလွှာ · Portraits
Pillar 2 · Women's Might Women's Voice Program

Articles, interviews & testimonies

Essays, exclusive interviews with women leaders and testimonies from women workers and students, in Burmese.

Image description

သမဂ္ဂကျောင်းသူမှသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်သို့



ရေးသားသူ- နွေကန္တာ

ကျောင်းသူကျောင်းသားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးသမိုင်းကြောင်းမှာ တထောင့်တနေရာ ကနေ အမြဲပါဝင်ခဲ့ကြတယ်။ ဒီလိုပါပဲ ကျောင်းသူထဲက တဦးဖြစ်တဲ့ ကျွန်တော်ဟာ ၂၀၁၇ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ဆိုတဲ့ကျောင်းကို ဆက်တက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ကျောင်းဖွင့်ပြီး သိပ်မကြာတဲ့အချိန်မှာပဲ စာသင်ခန်းတွေထဲကို စီနီယာ အစ်ကို/အစ်မများရောက်ရှိလာပြီး သမဂ္ဂဆိုတာကို ရှင်းလင်းပြောဆို စည်းရုံးမှုနဲ့ ကျွန်တော်ကိုယ်တိုင်လည်း ပထမနှစ် တက်ရောက်နေစဉ်မှာပဲ သမဂ္ဂအဖွဲ့ဝင် ကျောင်းသူ ဖြစ်လာခဲ့ပါတယ်။ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုတွေ စာပေဟောပြောပွဲတွေ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျောင်းတွင်းလှုပ်ရှားမှုတွေ အစည်းအဝေးတွေမှာ ငြင်းခုံကြတာတွေကို သိပ်ကို စိတ်အားထက်သန်ခဲ့ပါတယ်။

သမဂ္ဂသမိုင်းကြောင်းကို သိရှိလာလေ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးအတွက် ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းတဖြစ်လည်း ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းနှင့် သမဂ္ဂကျောင်းသားများရဲ့ လုပ်ဆောင်မှုတွေ သမဂ္ဂလမ်းစဉ်တွေကို သိရှိပြီး ဆက်လက် လုပ်ကိုင်လိုစိတ်တွေ တဖွားဖွားနဲ့ ကျွန်တော့ရဲ့ ဆယ်ကျော်သက်ဟာ တက်ကြွမှုတွေ ပြည့်နေခဲ့ပါတယ်။ ကျောင်းတွင်း သမဂ္ဂရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တွဲဘက်အတွင်းရေးမှူး ဖြစ်လာခဲ့တယ်။ ညီနောင်သမဂ္ဂတွေနဲ့ ပိုပြီး လုပ်ကိုင်ခွင့်တွေ ပြောဆိုခွင့်တွေရလာခဲ့ပြီး ဇာတ်လမ်းတွေထဲကလို ဇာတ်ရှိန်တက်လာချိန်မှာပဲ ကိုဗစ်ရောဂါတွေကြောင့် ကျောင်းတွေပိတ်ရ၊ နောက်ပြီး စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် CDM မှာ ပါဝင်ခဲ့ပြီး အဲ့နောက်မှာလည်း သပိတ်ကို ဆက်ပြီးဦးဆောင်လှုပ်ရှားခဲ့ပါတယ်။

ဝရမ်းထုတ်ခံရပြီး အိမ်ဝင်ဖမ်းတာကနေ သီသီလေးလွတ်ခဲ့ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ လက်နက်ကိုင် လမ်းစဉ်ကိုရွေးချယ်ခဲ့ပြီး စစ်သင်တန်းတက်ရောက်ခဲ့ပါတယ်။ စစ်သင်တန်းတက်ရောက်နေချိန် ငါတို့ရဲ့နိုင်ငံကို လွတ်လပ်အောင် စွမ်းဆောင်သူတွေဟာလည်း ဒီလိုပင်ပန်းဆင်းရဲကြီးစွာခံစားရမှာပါလား သူတို့နဲ့ယှဉ်ရင် ငါတို့ဟာ အစကတည်းက ပျော့ညံ့လို့မဖြစ်ဘူးရယ်လို့ မာန်ကိုတင်းပြီး ဆက်လုပ်ခဲ့တာ စိတ်ပင်ပန်းမှုတွေ အထီးကျန်မှုတွေ ငွေကြေးဖိအားတွေ အားငယ်မှုတွေကို ဘက်ပေါင်းစုံခံစားရင်း တောင့်ခံလာရတာတွေက အများကြီးမှ အများကြီးပါပဲ။ ကျွန်တော် အသက် (၂၀) ကနေ အခု (၂၄) နှစ်ပြည့်တဲ့အထိ ကျွန်တော်ဟာ တော်လှန်သောမွေးနေ့တွေကို အိမ်နဲ့အဝေးမှာဖြတ်သန်းရင်း အိမ်ကိုလွမ်းတဲ့ သီချင်းတွေကို ရဲဘော်တွေနဲ့အတူ ညည်းတွားလိုက် တဖန်မာန်တင်းလိုက်နဲ့ ရှေ့ဆက်နေဦးမှာပါ။

သမိုင်းမှာ နာမည်မကျန်တဲ့သူဖြစ်ရမယ်ဆိုရင်တောင် ကျွန်တော်ဟာ နိုင်ငံတော် လွတ်မြောက်ရေး အတွက် အသက်သေဆုံးသည် သို့မဟုတ် တော်လှန်ရေးပြီးဆုံးသည်အထိ ပါဝင်သွားခဲ့တဲ့ သမဂ္ဂကျောင်းသူ တဖြစ်လည်း ရဲဘော်အဖြစ် ရဲဘော်ရဲဘက်တွေရဲ့ စိတ်ထဲမှာ ကျန်ရစ်သူဖြစ်ရင် လုံလောက်ပါပြီ။

တော်လှန်သူတစ်ယောက်ရဲ့ လွမ်းစိတ်ဖြင့် …..



Click here