ငရဲပန်းတို့ ပွင့်ချိန်



ငရဲတံခါးဟာ

မတ်တပ်ရပ်နေတဲ့ ခြေဖဝါးအောက်တည့်တည့်မှာ ဖွင့်လာသလို

ငရဲထဲကို အဆုံးအစမဲ့ ကျသွားသလို

အမှားကိုတောင် သေချာမသိရသေးခင်

စီရင်ချက် ချခံလိုက်ရသလို....။

ဝဲ.... လွှင့်..... ခြောက်....ခြား...။

 

ငရဲထဲကို ကျသွားတဲ့အချိန်မှာလည်း

ဘယ်နွယ်ကိုမှ မဆွဲမိ

လေအဟုန်စီးပြီး ဆက်ကျနေဆဲ...

ဘယ်အထပ်မှာမှ မရပ်မီ... ဆက်ကျနေဆဲ..။

 

တဖြည်းဖြည်းမှောင်လာ.. တဖြည်းဖြည်းနက်လာ...

တဖြည်းဖြည်း အေးလာ... ထုံပေထိုင်းမှိုင်းစွာနဲ့...။

 

မှီရာတထပ်ထပ်မှာ ကပ်ရပ်လိုက်ဖို့ကလည်း မရဲ

အောက်ကို ဆက်ကျရင်လည်း ခြောက်ခြားစရာပိုကောင်းမှာကိုလည်း သိနေ...။

ငါဟာ သေပြီး ငရဲရောက်နေသလား။

ရှင်လျက် ငရဲကျနေသလား။

မြန်မာနိုင်ငံကိုက ငရဲပြည်ထဲက သတ္တမမြောက်အထပ်လား။

ပူလောင်ခြောက်ခြား...။

lick hereမွန်းတည့်မှာ မှောင်မိုက်နေ...။

လွတ်လပ်ဖို့အတွက် သေခြင်းကသာ တကြောင်းတည်းသွားရာလမ်း..။

နေ့စဉ်ဆက်တိုက်က ငရဲပန်းတို့ ပွင့်နေလေပြီ..။


Click here

Click here to start customizing