- Published on
အမျိုးသမီးတွေအတွက် နိုင်ငံရေးက ဘာကြောင့် စိမ်းသက်နေသလဲ
ရေးသားသူ- ပျိုး
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။
နိဒါန်း
-----
မြန်မာ့သမိုင်းကိုပြန်ကြည့်လျှင် အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှုအပေါ် အတားအဆီးများ ရှိခဲ့သည်ကို ငြင်းစရာမရှိပေ။ ၁၉၂၀ ဝန်းကျင်လောက်တွင် အမျိုးသမီးများအနေဖြင့် နိုင်ငံရေးဆိုင်ရာ အတွေးအမြင် ဆောင်းပါးများကို ထိုခေတ်က သတင်းစာများတွင် ဖော်ပြသည့်အခါ အမျိုးသားကလောင်ကို သုံးစွဲခဲ့ကြပါသည်။ နိုင်ငံရေးအကြောင်းပြောလျှင် အမျိုးသားနှင့်သာဆိုင်သည်၊ အမျိုးသားပြောသည်က ပို၍ မှန်ကန်သည်ဆိုသည့် တွေးတောချက်များကြောင့်ပင် ဖြစ်သည်။ ထိုအချက်ကိုကြည့်ခြင်းဖြင့် အမျိုးသမီးများကို နိုင်ငံရေးတွင်ပါဝင်ရန် မည်မျှအထိ စည်းတားထားသည်ကို သိနိုင်သည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကျား/မ တန်းတူညီမျှမှု အညွှန်းကိန်း (Gender Equality Index) အရ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုသည် အခြားကဏ္ဍများထက် သိသိသာသာ နိမ့်ကျနေသေးသည်ကို တွေ့ရသည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် နယ်ပယ်များတွင် တိုးတက်မှုရှိနေသော်လည်း၊ နိုင်ငံရေးတွင် အမျိုးသမီးများ၏ ပါဝင်မှုမှာ ၂၅% သာရှိပြီး မျှော်မှန်းထားသည့် တန်းတူညီမျှမှု ပန်းတိုင်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။
ဆွီဒင်ကဲ့သို့ ကျား/မ တန်းတူညီမျှမှု အများဆုံးနိုင်ငံများတွင်ပင် အမျိုးသမီးဝန်ကြီးချုပ် တစ်ဦးမျှ မရှိသေးခြင်းက ဤပြဿနာ၏ နက်ရှိုင်းမှုကို ပြသနေသည်။ အရှေ့ဥရောပနှင့် အာရှဒေသများတွင် ပို၍ ဆိုးရွားသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူအခြေအနေကို ရင်ဆိုင်နေရပြီး၊ ၂၀၁၀, ၂၀၁၅, ၂၀၂၀ ခုနှစ် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် အမျိုးသမီးကိုယ်စားပြုမှုသည် ၃၀ % အောက်သာ ရှိခဲ့သည်။
ခေတ်အဆက်ဆက်က နိုင်ငံရေးအခင်းအကျင်းနှင့် ရွေးကောက်ပွဲများတွင်လည်း အမျိုးသမီးပါဝင်မှုက လက်ချိုးရေလို့ရသည့် ကိန်းဂဏန်းသာရှိခဲ့သည်။ ၁၉၈၈နောက်ပိုင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အနိုင်ရမှုမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် (၁၅)ဦး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် (၄၅)ဦး၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ (၁၃)ဦး၊၂၀၁၅ ရွေးကောက်ပွဲတွင် (၁၅၁) ဦး၊၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်(၂) ဦး၊၂၀၂၀ ရွေးကောက်ပွဲတွင်(၁၉၄)ဦးအထိသာ ရှိခဲ့သည်။
စစ်အာဏာသိမ်းမှုစတင်သည့် ဖေဖော်ဝါရီလအစောပိုင်းတွင် စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သည့် လူထုထဲတွင် အမျိုးသမီးအများအပြား ပါဝင်ခဲ့သည်။ ဆန္ဒပြပွဲရှေ့တန်းခေါင်းဆောင်များ၏ (၆၀) ရာခိုင်နှုန်း ကျော်နှင့် CDM ခေါင်းဆောင်များ၏ (၇၀)မှ (၈၀)ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။လက်နက်ကိုင်ခုခံစစ်ဆင်နွှဲသည့် အခင်းအကျင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီး အများအပြားပါဝင်လာခဲ့သည်။ စနိုက်ဘာ၊ ဒရုန်းတပ်ဖွဲ့၊ ထောက်ပို့ စသည့်နေရာများတွင် အမျိုးသမီးများ တာဝန်ထမ်းဆောင်နေကြသည်ကို လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် တွေ့မြင်နိုင်ပါသည်။
ထို့အပြင် စစ်အာဏာသိမ်းမှုစတင်သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့အထိ ဖမ်းဆီးခံရသည့်အမျိုးသမီး ငါးထောင်ကျော်ရှိပြီး သေဆုံးခဲ့သည့် အမျိုး သမီး (၁,၂၀၀) ကျော်အထိ ရှိခဲ့ပါသည်။ လက်ရှိ ဒီမိုကရေစီ တော်လှန်ရေးတွင် အမျိုးသမီးများ တက်ကြွစွာ ပါဝင်နေကြသော်လည်း၊ အဓိက ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် ကိုယ်စားပြုမှု နည်းပါးနေသည်ကို တွေ့ရသည်။ အမျိုးသား ညီညွတ်ရေးအစိုးရတွင် လက်ရှိအချိန်အထိ အမျိုးသမီးခေါင်းဆောင် ၃၀% မရှိသေးပေ။
ဤသို့ နိုင်ငံရေးနှင့် အမျိုးသမီးများ စိမ်းကားနေရခြင်းသည် ရိုးရှင်းသော ပြဿနာတစ်ခု မဟုတ်ပေ။ လူမှုယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ အင်စတီကျူးရှင်းဆိုင်ရာ အတားအဆီးများနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ရှုပ်ထွေးစွာ ဆက်စပ်နေပါသည်။ စီးပွားရေးနှင့် နိုင်ငံရေး ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များ အရ ဤပြဿနာကို ပုံစံနှစ်မျိုးဖြင့် ခွဲခြားလေ့လာနိုင်သည် -
၁) Supply-side Factors - အမျိုးသမီးများ၏ နိုင်ငံရေး စိတ်ဝင်စားမှု၊ ပါဝင်လိုမှုနှင့် စွမ်းဆောင်နိုင်မှုဆိုင်ရာ အချက်များ
၂) Demand-side Factors - မဲဆန္ဒရှင်များနှင့် ပါတီခေါင်းဆောင်များ၏ အမျိုးသမီးများအပေါ် သဘောထား ဆိုင်ရာ အချက်များ
ဤစာတမ်းတွင် အဆိုပါအကြောင်းရင်းများကို အသေးစိတ် လေ့လာဆန်းစစ်ထားပြီး၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုပါ အကြံပြုတင်ပြထားပါသည်။ အထူးသဖြင့် ပြဿနာ၏ အမြစ်များကို နားလည်ခြင်းဖြင့် ပိုမိုထိရောက်သော မူဝါဒများနှင့် လုပ်ဆောင်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ပါသည်။
လက်ရှိအချိန်အထိ ဖမ်းဆီးခံရသည့်အမျိုးသမီး (၅,၀၀၀) ကျော်ရှိပြီး၊ သေဆုံးခဲ့သည့် အမျိုးသမီး (၁,,၂၀၀) ကျော်အထိ ရှိခဲ့သည်။
(၁) နိုင်ငံရေး ရည်မှန်းချက် ကွာဟမှု
ဆန်းစစ်လေ့လာချက်များအရ အမျိုးသမီးများသည် ပညာအရည်အချင်း၊ အတွေ့အကြုံနှင့် စီးပွားရေး အခြေအနေအရ နိုင်ငံရေးတွင် ပါဝင်နိုင်စွမ်း ရှိသော်လည်း၊ အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံရေး ရည်မှန်းချက်များ နည်းပါးကြောင်း တွေ့ရှိရသည်။
သုတေသနတွေ့ရှိချက်များအရ အလားတူအရည်အချင်းရှိသော အမျိုးသမီးများသည် အမျိုးသားများ ထက် မိမိကိုယ်ကို နိုင်ငံရေးရာထူးများအတွက် အရည်အချင်းပြည့်မီသည်ဟု ယုံကြည်မှု နည်းပါးကြသည်။ စမ်းသပ်လေ့လာမှုများအရ နိုင်ငံရေး၏ ပြင်းထန်သော ယှဉ်ပြိုင်မှု သဘောသဘာဝက အမျိုးသမီးများ၏ စိတ်ဝင်စားမှုကို လျော့ကျစေသည်ဟု တွေ့ရှိရသည်။ အရှုံးအနိုင် အခြေအနေများတွင် အမျိုးသမီးများသည် စိတ်ဖိစီးမှု ပို၍ခံစားရခြင်း၊ အများရှေ့တွင် ဝေဖန်ခံရမည်ကို ပို၍စိုးရိမ်ခြင်း အနိုင်မရနိုင်ဟု ကြိုတင်ယူဆခြင်း တို့ကြောင့် ဖြစ်သည်။
ထို့အပြင်အမျိုးသမီး နိုင်ငံရေးသမားများသည် အဆင့်မြင့်ရာထူးများ ရရှိလာသောအခါ မိသားစုဘဝ ထိခိုက်မှုနှုန်း မြင့်မားကြောင်း တွေ့ရသည်။ ဥပမာအားဖြင့် (ဆွီဒင်နိုင်ငံတွင် မြို့တော်ဝန်ဖြစ်လာသော အမျိုးသမီးများ၌ ကွာရှင်းမှုနှုန်း သိသိသာသာ မြင့်တက်လာခြင်း၊ အမျိုးသမီးများ၏ အိမ်ထောင်ရေးနှင့် မိသားစုတာဝန်များသည် နိုင်ငံရေး တာဝန်များနှင့် ဟန်ချက်ညီရန် ခက်ခဲခြင်း၊ ကလေးပြုစုစောင့်ရှောက်ရေး တာဝန်များကြောင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် အချိန်ပေးရန် အခက်အခဲရှိခြင်း) တို့ကို တွေ့ရှိရသည်။
နိုင်ငံရေး ရည်မှန်းချက် ကွာဟမှုသည် ရိုးရှင်းသော ပြဿနာတစ်ခု မဟုတ်ဘဲ၊ လူမှုယဉ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် လက်တွေ့ဘဝ အခက်အခဲများ ရှုပ်ထွေးစွာ ဆက်စပ်နေသော ပြဿနာတစ်ရပ် ဖြစ်သည်။ ဤကွာဟမှုကို လျှော့ချရန် ဘက်ပေါင်းစုံမှ ချဉ်းကပ်ဖြေရှင်းရန် လိုအပ်ပြီး၊ အထူးသဖြင့် လူငယ် အမျိုးသမီးများ ၏ နိုင်ငံရေး စိတ်ဝင်စားမှုနှင့် ယုံကြည်မှုကို မြှင့်တင်ပေးရန် အရေးကြီးပါသည်။
မဲဆန္ဒရှင်များ၏ ဘက်လိုက်မှုနှင့် ရိုးရာအစဉ်အလာဓလေ့များ၏ လွှမ်းမိုးမှု၊ ကျားမအချိုးအစား သတ်မှတ်ချက်များ၏ အကျိုးသက်ရောက်မှု စသည့်အချက်များကလည်း နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုနည်းပါးရခြင်းကို အထောက်အပံ့ပေးနေသည်။ ရိုးရာအစဉ်အလာအမြင်များ လွှမ်းမိုးသောဒေသများတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ အပေါ် သိသာသော ခွဲခြားဆက်ဆံမှုများ ရှိနေသည်။ ကမ္ဘာ့တန်ဖိုးထားမှု စစ်တမ်း (World Value Survey) အရ -အရှေ့ဥရောပနှင့် အာရှဒေသများတွင် "အမျိုးသားများသည် အမျိုးသမီးများထက် ပိုကောင်းသော နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်သည်" ဟူသော အဆိုကို ထောက်ခံသူ ၅၀% အထက် ရှိသည်။
သို့သော် စပိန်နိုင်ငံနှင့် အခြားနိုင်ငံအချို့တွင် တွေ့ရှိရသော စိတ်ဝင်စားဖွယ် အချက်တစ်ခုမှာ ကျားမ အချိုးအစားသတ်မှတ်ချက်များ စတင်ကျင့်သုံးပြီးနောက် မဲဆန္ဒရှင်များ၏ ထောက်ခံမှု မကျဆင်းခြင်း၊ အမျိုးသမီးကိုယ်စားလှယ်လောင်း အရေအတွက် တိုးမြှင့်သော ပါတီများ၏ မဲရလဒ်များ မကျဆင်းခြင်း၊ အရည်အသွေးပိုင်းတွင်လည်း ဆုတ်ယုတ်မှု မရှိဘဲ၊ တချို့နိုင်ငံများတွင် တိုးတက်လာခြင်းတို့ကိုတွေ့ရသည်။
(၂) လူမှုရေးဆိုင်ရာအတားအဆီးများ
အမျိုးသမီးများသည် နိုင်ငံရေးနှင့် မသင့်တော်ဟူသော အယူအဆများ၊ ခေါင်းဆောင်မှု အခန်းကဏ္ဍ တွင် အမျိုးသမီးများကို မြင်လေ့နည်းခြင်း၊ အမျိုးသမီးများ မလုပ်နိုင်ဟူသော စဉ်းစားချက်များရှိခြင်း၊ မိသားစုဘဝကိုသာ ဦးစားပေးရန် ငယ်စဉ်က သွတ်သွင်းခံရခြင်း၊ နိုင်ငံရေးတွင် ပါဝင်ပါက မိသားစုတာဝန် ကျေမည်မဟုတ်ဟုသတ်မှတ်ခြင်း၊ မိသားစုနှင့် အသိုင်းအဝိုင်း၏ ဝေဖန်မှုကို စိုးရိမ်ခြင်း၊ လူမှုကွန်ရက်များတွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ခြင်း၊ ရပ်ရွာအသိုင်းအဝိုင်း၏ အမြင်ကို ကြောက်ရွံ့ခြင်း၊ အများရှေ့တွင် ထုတ်ဖော် ပြောဆိုရန် ဝန်လေးခြင်း၊ အမျိုးသားနိုင်ငံရေးသမားများထက် အမျိုးသမီးနိုင်ငံရေးသမားများကို ပုဂ္ဂိုလိက ပိုင်းဆိုင်ရာပိုမိုတိုက်ခိုက်ခြင်း စသည့်လူမှုရေးဆိုင်ရာအခြေအနေများသည် အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှုနည်းပါးစေသည့် အကြောင်းအရင်းများဖြစ်သည်။
(၃) အိမ်ထောင်ရေးနှင့် မိသားစု တာဝန်များကြောင့် အချိန်မပေးနိုင်ခြင်း
အိမ်မှုကိစ္စများ ဆောင်ရွက်ရခြင်း၊ သက်ကြီးရွယ်အို မိဘများအား ပြုစုစောင့်ရှောက်ရခြင်း၊ မိသားစုဝင် များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရခြင်း၊ ကလေးငယ်များအတွက် အချိန်ပေးရခြင်း၊ ကျောင်းနှင့် ပတ်သက်သော တာဝန်များ ယူရခြင်း၊ ကလေး၏ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးထိန်း ဝန်ဆောင်မှု ကုန်ကျစရိတ် မတတ်နိုင်ခြင်း၊ မိသားစုဝင်ငွေအတွက် အလုပ်လုပ်ရခြင်း၊ စီးပွားရေး ဖိအားများကြောင့် နိုင်ငံရေး ကို ဦးစားမပေးနိုင်ခြင်း၊ မိသားစုပြဿနာများဖြေရှင်းရခြင်း၊ ခင်ပွန်းသည်၏ဝေယျာဝေစ္စများ ဆောင်ရွက်ရခြင်း ဤတာဝန်များကြောင့် နိုင်ငံရေးအစည်းအဝေးများ၊ လှုပ်ရှားမှုများ၊ သင်တန်းများသို့ တက်ရောက်ရန် အခက်အခဲ ရှိလာသည်။
(၄) နိုင်ငံရေးလှုပ်ရှားမှုများအတွက် ငွေကြေးအခက်အခဲများ
နိုင်ငံရေးလှုပ်ရှားမှုအတွက် ငွေကြေးမတတ်နိုင်ခြင်း၊ အစည်းအဝေးများသို့ သွားလာရန် သယ်ယူပို့ ဆောင်ခ၊ သင်တန်းများ တက်ရောက်ရန် ကုန်ကျစရိတ်၊ နိုင်ငံရေးဆိုင်ရာ စာအုပ်စာပေများ ဝယ်ယူရန် ကုန်ကျစရိတ်၊ ကွန်ရက်ချဲ့ထွင်ရေးလှုပ်ရှားမှုများအတွက် ကုန်ကျစရိတ်များအပြင် ရွေးကောက်ပွဲဝင်ရန် လိုအပ်သော မဲဆွယ်စရိတ်များ၊ မဲရုံကိုယ်စားလှယ်များအတွက် ကုန်ကျစရိတ်၊ ရန်ပုံငွေ ရှာဖွေရန် အခက်အခဲ ရှိခြင်းတို့လည်းပါဝင်သည်။
ထို့အပြင် ရန်ပုံငွေရှာဖွေရာတွင် စီးပွားရေး ကွန်ရက်များနှင့် ချိတ်ဆက်မှု အားနည်းခြင်း၊ အလှူရှင်များ၏ ယုံကြည်မှု နည်းပါးခြင်း၊ ရန်ပုံငွေ စုဆောင်းရေး အတွေ့အကြုံ နည်းပါးခြင်း၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်းတို့သည် အမျိုးသမီးများကို အတားအဆီးဖြစ်စေသည်။
(၅) နိုင်ငံရေးပါတီများ၏ ခွဲခြားဆက်ဆံမှု
ပါတီခေါင်းဆောင်များသည် အမျိုးသားများကိုသာ ဦးစားပေး ရွေးချယ်ခြင်းအပြင် ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရာတွင် မိရိုးဖလာ အမြင်များ လွှမ်းမိုးနေခြင်း၊ "အနိုင်ရနိုင်ခြေ ရှိသူ" ဟူသည့် စံနှုန်းဖြင့် အမျိုးသားများကိုသာ ရွေးချယ်ခြင်း၊ ရှိပြီးသား ကျား/မ ဆက်ဆံရေး ပုံစံများကို ထိန်းသိမ်းလိုခြင်း၊ အမျိုးသမီး များအပေါ် သံသယဖြင့် ကြည့်ခြင်း၊ အမျိုးသမီးများကို အရေးမကြီးသော နေရာများတွင်သာ ထားရှိခြင်း၊ ပါတီ များအနေဖြင့်လည်း အနိုင်ရရန် ခက်ခဲသော မဲဆန္ဒနယ်များတွင် ထားရှိခြင်း၊ မဲစာရင်း၏ အောက်ဆုံးပိုင်းတွင် ထားရှိခြင်း၊ လက်ထောက်၊ အတွင်းရေးမှူး စသည့် နေရာများတွင်သာ ခန့်အပ်ခြင်း၊ အရေးကြီး ကော်မတီများမှ ချန်လှပ်ထားခြင်း၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းများအပေါ် ယုံကြည်မှု နည်းပါးခြင်း၊ အခက်အခဲများကို ကိုင်တွယ်နိုင်စွမ်းမရှိဟု ယူဆခြင်း၊ ရန်ပုံငွေ စုဆောင်းနိုင်စွမ်းအပေါ် သံသယရှိခြင်း၊ ပါတီအတွက် မဲဆွယ်နိုင် စွမ်း နည်းမည်ဟု ယူဆခြင်း၊ ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းကို သံသယရှိခြင်းတို့ဖြစ်သည်။
အမျိုးသမီးများသည် ပါတီတွင်း ရာထူးတိုးမြှင့်ရေးတွင်လည်း "မျက်နှာကျက် မှန်" (Glass Ceiling) ဟုခေါ်သော မမြင်နိုင်သည့်အတားအဆီးများ၊ အရေးကြီးတာဝန်များ ပေးအပ်မခံရခြင်း၊ ဆုံးဖြတ်ချက် ချမှတ်သည့် နေရာများမှ ဖယ်ကျဉ်ခံရခြင်း၊ အမျိုးသားများနှင့် တန်းတူစွမ်းဆောင်ရည် ရှိသော်လည်း တိုးမြှင့်ခန့်အပ်မခံရခြင်း တို့ဖြစ်သည်။
အခြား ပြဿနာများ
အမျိုးသမီးများသည် မိမိတို့၏ အရည်အချင်းနှင့် အတွေ့အကြုံများ ရှိသော်လည်း နိုင်ငံရေး ရာထူးများအတွက် အရည်အချင်း မပြည့်မီဟု ယူဆလေ့ရှိကြသည်။ ဤသို့ ယုံကြည်မှု နည်းပါးရခြင်း၏ အဓိက အကြောင်းရင်းများမှာ ခေါင်းဆောင်မှုအတွေ့အကြုံရယူရန် အခွင့်အလမ်း နည်းပါးခြင်း၊ အဆုံးအဖြတ် ပေးရသော နေရာများတွင် ပါဝင်ခွင့်နည်းပါးခြင်း၊ နိုင်ငံရေးကွန်ရက်များနှင့် ထိတွေ့မှု နည်းပါးခြင်း၊ ယှဉ်ပြိုင်မှုများတွင် ပါဝင်ရန် တွန့်ဆုတ်ခြင်း၊ အများရှေ့တွင် စကားပြောဆိုရန် လေ့ကျင့်မှု မလုံလောက်ခြင်း၊ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးရန် ယုံကြည်မှု မရှိခြင်း၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံရန် အတွေ့အကြုံ နည်းပါးခြင်း၊ အပြင်ပန်း အသွင်အပြင်အပေါ် ဝေဖန်ခံရမည်ကို စိုးရိမ်ခြင်း၊ အမှားအယွင်း ပြောမိမည်ကို ကြောက်ရွံ့ခြင်း၊ ကျား/မ ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ရမည်ကို စိုးရိမ်ခြင်း တို့အပြင် စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့်အရှုံးအနိုင်ကို ရင်ဆိုင်ရန် စိတ်ဖိစီးခြင်း၊ အများရှေ့တွင် ရှုံးနိမ့်မည်ကို စိုးရိမ်ခြင်း၊ အပြစ်တင်ခံရမည်ကို ကြောက်ရွံ့ခြင်း စသည့်အချက်များသည်လည်း အတားအဆီးများဖြစ်သည်။
ဖြေရှင်းရန် နည်းလမ်းများ
စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များ၊ နိုင်ငံရေးခေါင်းဆောင်မှု သင်တန်းများ၊ အများရှေ့ ပြောဆိုခြင်းလေ့ကျင့်မှုများ၊ မီဒီယာနှင့် ဆက်ဆံရေးသင်တန်းများ၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး အစီအစဉ်များ၊ အောင်မြင်သော အမျိုးသမီးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်၊ အကြံပေး လမ်းညွှန်မှု အစီအစဉ်များ၊ အမျိုးသမီးအချင်းချင်း ပံ့ပိုးမှုကွန်ရက်များ စသည့်အချက်များဖြင့် အမျိုးသမီးများ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှု အားနည်းခြင်းကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
မိသားစုရေးရာပြဿနာများအတွက်လည်းကလေးထိန်းဝန်ဆောင်မှုများ စီစဉ်ပေးခြင်း၊ မိသားစု တာဝန်များ မျှဝေယူသည့်ယဉ်ကျေးမှုမြှင့်တင်ခြင်း၊ မိသားစုနှင့် နိုင်ငံရေး ဟန်ချက်ညီစေမည့် အစီအစဉ်များ ပြုလုပ်ပေးသင့်သည်။
စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုများအနေဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများအတွက် ရန်ပုံငွေ ထူထောင်ခြင်း၊ မဲဆွယ်စရိတ် ကန့်သတ်ချက်များ သတ်မှတ်ခြင်း၊ အစိုးရမှ ထောက်ပံ့ကြေး စီစဉ်ပေးခြင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုသင်တန်းများ၊ ငွေကြေးဆိုင်ရာအကြံပေးဝန်ဆောင်မှုများ၊ အလှူရှင်များနှင့် ချိတ်ဆက် ပေးသော ပလက်ဖောင်းများ ဆောင်ရွက်ပေးသင့်သည်။
ပါတီတွင်း အမျိုးသမီးကိုယ်စားပြုမှုအချိုးအစားသတ်မှတ်ခြင်း၊ ရွေးချယ်ရေး လုပ်ငန်းစဉ်များ ပွင့်လင်း မြင်သာစေခြင်း၊ တန်းတူအခွင့်အရေးမူဝါဒများချမှတ်ခြင်း၊ ပါတီတွင်းသင်တန်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ရန်ပုံငွေ ခွဲဝေမှုမျှတစေခြင်း၊ ပါတီခေါင်းဆောင်များအတွက် ကျားမတန်းတူရေး သင်တန်းများ၊ ကျားမ ခွဲခြားဆက်ဆံမှု လျော့ချရေး လှုပ်ရှားမှုများ ဆောင်ရွက်သင့်သည်။၏
မူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများအနေဖြင့် အမျိုးသမီးကိုယ်စားပြုမှု အချိုးအစားသတ်မှတ်ခြင်း (Gender Quota)၊ ပါတီတွင်း အမျိုးသမီးရေးရာ ကော်မတီများ ဖွဲ့စည်းခြင်းများ ပြုလုပ်သင့်သည်။
လူမှုရေးဆိုင်ရာပြောင်းလဲမှုများအနေဖြင့် ကျားမသတ်မှတ်ချက်များအပေါ် သဘောထား ပြောင်းလဲ ရေး၊ အမျိုးသမီးခေါင်းဆောင်မှုကိုအားပေးသောယဉ်ကျေးမှု၊ မိသားစုတာဝန်များမျှဝေယူသည့် အလေ့အထများ ပြုလုပ်သင့်သည်။
နိဂုံး
----
မြန်မာနိုင်ငံသည် ရိုးရာအစဉ်အလာ အမြင်များ လွှမ်းမိုးမှု အားကောင်းသော နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ဒေသအလိုက် သင့်လျော်သော နည်းဗျူဟာများ ချမှတ်ရန် လိုအပ်ခြင်း၊အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို စနစ်တကျ မြှင့်တင်ရန် လိုအပ်ခြင်း၊ ရေရှည်တွင် လူမှုရေး သဘောထားများ ပြောင်းလဲရန် လိုအပ်ခြင်းတို့ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
အမျိုးသမီးများ နိုင်ငံရေးနှင့် စိမ်းကားနေရခြင်းသည် ရှုပ်ထွေးသော ပြဿနာတစ်ရပ်ဖြစ်ပြီး၊ ရိုးရာယဉ်ကျေးမှု၊ လူမှုစီးပွားရေး အခြေအနေနှင့် နိုင်ငံရေးစနစ် စသည့် အကြောင်းရင်းပေါင်းစုံက လွှမ်းမိုးနေပါသည်။ အမျိုးသမီးများသည်နိုင်ငံရေးနှင့် စိမ်းသက်နေလို၍ မဟုတ်ဘဲ အခြေအနေများက တွန်းပို့သောကြောင့်သာ အလှမ်းဝေနေရခြင်းဖြစ်သည်။ သို့သော် သုတေသနများအရ ဤအခြေအနေကို ပြောင်းလဲ၍ ရနိုင်ပါသည်။
အထူးသဖြင့် သင့်လျော်သော မူဝါဒများ ချမှတ်ခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် လူမှုရေး သဘောထားများ ပြောင်းလဲအောင် ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရန် အားပေးနိုင်မည် ဖြစ်ပါသည်။ လူမှုအသိုင်းအဝိုင်းတခုလုံးက အရွေ့တခုကိုဖော်ဆောင်ကာ ပြောင်းလဲမည်ဆိုလျှင် အမျိုးသမီးများပါဝင်မှုအား ကောင်းသည့် နိုင်ငံရေးလမ်းကြောင်း အသစ်ပေါ်ထွက်လာ မည်မှာဧကန်ပင် ဖြစ်သည်။
အမျိုးသမီးများသည်နိုင်ငံရေးနှင့် စိမ်းသက်နေလို၍ မဟုတ်ဘဲ အခြေအနေများက တွန်းပို့သောကြောင့်သာ အလှမ်းဝေးနေရခြင်း ဖြစ်သည်။
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media