- Published on
တခြမ်းပဲ့ဒီမိုကရေစီ (သို့မဟုတ်) ငါတို့အသံ ဘယ်မှာလဲ
ရေးသားသူ- Liliane
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။
“လွတ်လပ်ခြင်းရဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်”
တော်လှန်ရေးဆိုတာ နိုင်ငံရေးအာဏာရဲ့ လူမှုရေးဇစ်မြစ်နေရာ (Social Location of Political Power) ကို ရုတ်တရက် တဆစ်ချိုးအပြောင်းအလဲလုပ်ခြင်းကို ဆိုလိုပါတယ်။ တနည်းအားဖြင့် အုပ်ချုပ်မှုပုံသဏ္ဍာန်၊ အချုပ်အခြာအာဏာနှင့် တရားဝင်မှုဆိုင်ရာအုတ်မြစ်တွေ၊ လူမှုအစီအစဉ် ( Social Order) နားလည်မှတ်ယူခြင်းနှင့် ပတ်သက်၍ အမြစ်မြေလှန်အသွင်ပြောင်းခြင်းကို ဆိုလိုပါတယ်။ ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်တဲ့ လုပ်ရပ်တွေ၊ စနစ်တွေ၊ အတွေးတွေ၊ ယုံကြည်မှုတွေကို တိုက်ရိုက်စိန်ခေါ်ပြီး အသစ်သစ်သော လုပ်ရပ်တွေ၊ စနစ်တွေ၊ အတွေးတွေ၊ ယုံကြည်မှုတွေနဲ့ ပြောင်ပြောင်တင်းတင်း၊ ရဲရဲဝင့်ဝင့် အစားထိုးသုံံးစွဲခြင်းက တော်လှန်ရေး၏ အဓိက လုပ်ရပ်ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းဟာ တော်လှန်ရေးပေါင်းများစွာနဲ့ ပြည့်နှက်နေပါတယ်။ အုပ်ချုပ်ရေး ယန္တရားအပြောင်းအလဲ၊ နိုင်ငံရေးစနစ် အပြောင်းအလဲ၊ တန်းတူညီမျှရေး၊ လွတ်လပ်မှုစတဲ့ အကြောင်းအရာ များစွာအတွက် တော်လှန်ရေး ဆင်နွှဲနေကြပါတယ်။ လွတ်လပ်ရေးယူစဉ်ကတည်းက တအုံနွေးနွေးပါလာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မကျေနပ်မှုတွေဟာ ဆင့်ကဲပေါက်ကွဲမှုတွေနဲ့အတူ တဖြည်းဖြည်း ကြီးထွားလာပါတယ်။ အချိန်နှင့်အမျှ ထွက်ပေါ်လာတဲ့ ပဋိပက္ခအသစ်၊ အဟောင်းကြား ပိုမိုရှုပ်ထွေးတဲ့ ပဋိပက္ခ တွေ ထွက်လာပါတယ်။ အချိန်နှင့်အမျှ ပဋိပက္ခအသွင်ပြောင်းမှုများလည်း ဖြစ်ပေါ်နေတာကြောင့် ပိုမို နားလည်ရ၊ ဖြေရှင်းရ ခက်ခဲလာပါတယ်။
လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တခုအတွင်းမှာပဲ တစစနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ ပိုပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ တော်လှန်ရေးတွေ ဖြစ်လာပေမဲ့ ပဋိပက္ခတွေဟာ ညှိနှိုင်းဖြေရှင်းမရဘဲ ပိုပြီး ဂလောင်ကျယ်တဲ့ သွေးစုနာလို ပိုမိုကြီးလာ၊ နက်လာ၊ ပုပ်လာပါတယ်။ နိုင်ငံနဲ့ တော်လှန်ရေးသက်တမ်းဟာ ထပ်တူညီပါးကျပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေအပေါ် နားလည်မှုနဲ့ စိတ်ဝင်စားမှုဟာ အလုံအလောက်မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံနဲ့ တော်လှန်ရေးဟာ ဖွားဖက်တော်လို တတွဲတွဲ ယှဉ်တွဲတွေ့လာရပါတယ်။ ပြည်သူတွေဟာ စစ်ပွဲတွေနဲ့ ပိုပြီး အသားတကျ ဖြစ်လာကြရပါတယ်။ တော်လှန်ရေး၊ ပဋိပက္ခ၊ ညှိနှိုင်းဆွေးနွေး၊ တဖန်တော်လှန်ရေး၊ အသစ်သစ်သောပဋိပက္ခ၊ စုစည်းဆွေးနွေးညှိနှိုင်း နဲ့ မြန်မာနိုင်ငံဟာ သက်တမ်းရင့် လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ယဉ်ပါး၊ အဂတိတရားနဲ့ယဉ်ပါး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ယဉ်ပါး၊ နောက်ဆုံး အင်မတန်မွန်းကျပ်လာတဲ့ပြည်သူတွေကနေ ထပ်ပြီးတွန်းလှန်တော်လှန်ရင်းနဲ့ တဖန် ပြန်ပြီး တော်လှန်ရေးက အင်အားကြီးလာခဲ့ပြန်နဲ့ သံသရာလည်နေပါတယ်။
နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက် ဖြစ်ခဲ့၊ ပျက်ခဲ့၊ ရပ်ခဲ့တဲ့ တော်လှန်ရေးပေါင်းစုံရဲ့ ဆုံချက် လို့ ပြောလို့ရနိုင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ကို ဖြုတ်ချချင်သူတွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ချင်သူတွေ၊ အာဏာရှင်စနစ်အားလုံးကို အမြစ်လှန်ချင်သူတွေ၊ စနစ်သစ်ကို ပြန်ပြီး တည်ဆောက် ချင်သူတွေ၊ လူ့အခွင့်အရေးကို ပိုအလေးထားကာကွယ်ချင်သူတွေ၊ ဖိနှိပ်ခွဲခြားတဲ့ယဉ်ကျေးမှုကို တွန်းလှန်ချင် သူတွေ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်သူတွေ၊ တော်လှန်ရေးကို ပါဝင်ဖူးသူရော၊ မပါဝင်ဖူးသူ၊ ကြီးသူငယ်သူအားလုံးက ပါဝင်တဲ့တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။ မျှော်လင့်ချက်ပေါင်းစုံ အတွက် တော်လှန်ရေးတခု ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ဖြိုချနိုင်ရုံနဲ့ သိမ်းမဲ့ ပွဲမဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်အနှစ်သာရရော၊ ဒီမိုကရေစီအနှစ်သာရပါရမှ သေနတ်သံတိတ်မဲ့ပွဲ ဖြစ်ပါတယ်။ အားလုံးက ပါဝင်တဲ့တော်လှန်ရေးကနေ အားလုံးအတွက်ဖြစ်စေမဲ့ စနစ်တခုကို တည်ဆောက်နိုင်မှာ ပြန်ပြီး အေးချမ်းနိုင်မဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဘက်စုံထောင့်စုံကနေ အနိုင်ယူနိုင်မဲ့ တော်လှန်ရေးတစ်ခု ဖြစ်လာဖို့ လိုပါတယ်။
ကရင်အတွက် မြန်မာနိုင်ငံဖြစ်လာဖို့ လိုသလို၊ ဗမာအတွက် မြန်မာနိုင်ငံဖြစ်လာဖို့ လိုပါတယ်။ ဗုဒ္ဓဘာသာအတွက် ရှိနေမဲ့ မြန်မာနိုင်ငံဖြစ်ဖို့ လိုသလို၊ ခရစ်ယာန်၊ ဟိန္ဓူ၊ မွတ်စလင်နဲ့ အခြားယုံကြည်မှု အတွက် မြန်မာနိုင်ငံဖြစ်ဖို့ လိုပါတယ်။ အမျိုးသားတွေအတွက် မြန်မာနိုင်ငံဖြစ်နေသလိုမျိုး၊ အမျိုးသမီးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေအတွက် မြန်မာနိုင်ငံဖြစ်ဖို့ လိုပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင် ခွင့်ရှိတဲ့ တိုင်းပြည်ဖြစ်ဖို့ဆိုရင် အားလုံးအတွက် မြန်မာနိုင်ငံဟာ ကျောသားရင်သားခွဲခြားပြီး ရှိနေတဲ့ နိုင်ငံရေးစနစ်၊ လူမှုရေးစံနှုန်း၊ ဓလေ့ထုံးတမ်းတွေကို မေးခွန်းထုတ်ပြီး ပြောင်းလဲနိုင်ဖို့လိုပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့တိုင်းပြည်ဖြစ်ဖို့ဆိုရင် အားလုံးအတွက် မြန်မာနိုင်ငံဟာ ကျောသားရင်သားခွဲခြားပြီး ရှိနေတဲ့ နိုင်ငံရေးစနစ်၊ လူမှုရေးစံနှုန်း၊ ဓလေ့ထုံးတမ်းတွေကို မေးခွန်းထုတ်ပြီး ပြောင်းလဲနိုင်ဖို့လိုပါတယ်။
လက်ရှိအချိန်အထိ ဖက်ဒရယ်တန်ဖိုး၊ ဒီမိုကရေစီတန်ဖိုးနဲ့မညီတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေကို မပြုမူမိဖို့ သတိထားဖို့ လိုပါတယ်။ တော်လှန်ရေးဟာ အားလုံးပါဝင်နေတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ လူမျိုးအသီးသီး၊ ဘာသာအသီးသီး၊ ကျား၊မ အသီးသီးက ပါဝင်နေတာပါ။ သို့ပေမဲ့ လက်ရှိအချိန်အထိ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ဟာ နေရာအသီးသီးရဲ့ ကဏ္ဍတိုင်းမှာ နောက်ကောက်ကျန်နေရဆဲပါ။ ဒါအတွက် မေးခွန်းထုတ်စရာကောင်းလှပါတယ်။
အခုနွေဦးတော်လှန်ရေးဟာ တခြမ်းပဲ့ဒီမိုကရေစီကို သွားနေတာလား။ အားလုံးပါဝင်တဲ့ ဒီမိုကရေစီကို သွားနေတာလား။ အခုနွေဦးတော်လှန်ရေးဟာ အားလုံးအတွက် ကရုတစိုက်လုပ်ဆောင်နေတဲ့ တော်လှန်ရေး လား၊ လူတမျိုး၊ တစု၊ တခြမ်းပဲ့လိင်နဲ့ပဲ မောင်းနှင်နေတဲ့ တော်လှန်ရေးလား။ ကျွန်မတို့ လူ့အဖွဲ့အစည်း ကိုယ်တိုင်က လက်ရှိအချိန်အထိ တဖက်စောင်းနင်း ဦးဆောင်မှုနဲ့ အသားကျနေတုန်းလား။ လက်ခံနေတုန်း လား။ မေးခွန်းထုတ်ဖို့ ပြောင်းလဲဖို့ တုံ့ဆိုင်းနေတုန်းလား။
“ ငါတို့အသံ ဘယ်မှာလဲ”။ တော်လှန်ရေးရဲ့ ပထမဆုံးအချိန်၊ ပထမဆုံးရက်၊ ထိပ်ဆုံးတပ်ဦးကနေ ပါလာခဲ့တဲ့အမျိုးသမီးတွေရဲ့အသံက ဘယ်မှာလဲ။ လက်ရှိအချိန်အထိ နောက်ဆုံးအချိန်တိုင်းအထိ ရှိနေခဲ့တဲ့ အမျိုးသမီးတွေရဲ့အသံ ဘယ်မှာလဲ။ အမျိုးသမီးတွေရဲ့အသံဆိုတာ ဘာလဲအထိကို မသိနိုင်တော့တဲ့ လူ့ အဖွဲ့အစည်းဖြစ်နေပြီလား။ တော်လှန်ရေးရဲ့ ဘယ်နေရာမှာ အမျိုးသမီးတွေကို ထားထားသလဲ။
အဲလိုမေးတိုင်း ရေတွက်လို့ ရနိုင်တဲ့ပမာဏရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေရဲ့ အမည်ကို ရွတ်ပြဖို့ ကြိုးစားကြပါလိမ့်မယ်။ ကိန်းဂဏန်းမသိလောက်အောင်ထိ များပြားတဲ့ တဖက်စောင်းနင်းဖြစ်နေတဲ့ အမျိုးသားခေါင်းဆောင်တွေက “အမျိုးသမီးတွေကို နေရာပေးထားတာဘဲ တန်းတူဆက်ဆံနေတာဘဲ” လို့ ထပ်တလဲလဲ ပြောပါလိမ့်မယ်။ အဲလို ပြောနေခြင်းကိုက တခြမ်းပဲ့ဒီမိုကရေစီနဲ့ အသားကျဖို့ တိုက်တွန်း နေသလိုပင်။ ကျွန်မတို့အားလုံးကို တခြမ်းပဲ့ဒီမိုကရေစီနဲ့ ဆက်သွားဖို့ တွန်းအားပေးနေသလိုပင်။ အမျိုးသမီး ကို နိုင်ငံရေးမှာတောင် ဒုတိယတန်းစားအဖြစ် သတ်မှတ်ထားကြတာကို ထင်ထင်ရှားရှား မြင်နေရဆဲပင်။
တော်လှန်ရေးဆိုတာ ပြောင်းလဲနိုင်တယ်ဆိုတဲ့စိတ်ဓာတ်ကနေ စတာပါ။ ကျွန်မတို့ ဘာကို ပြောင်းလဲ နိုင်မလဲဆိုတာအပေါ် မူတည်ပြီး နွေဦးတော်လှန်ရေးက ဘာကို မွေးထုတ်ပေးနိုင်မလဲဆိုတာ ဖြစ်လာမှာပါ။ နွေဦးတော်လှန်ရေးကနေ နောက်ထပ်အသစ်သစ်သော အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒ၊ ဖိုဝါဒ၊ လက်သစ် စစ်အာဏာရှင်ဝါဒကို မွေးထုတ်မလား။ အားလုံးအတွက် တန်းတူညီမျှပြီးတော့ သာတူညီမျှအခွင့်အရေးကို ဆောင်ကျဉ်းပေးနိုင်မလားဆိုတာ ကျွန်မတိုရဲ့ ပြောင်းလဲရဲတဲ့ သတ္တိနဲ့ ဝီရိယအပေါ် မူတည်ပါတယ်။
နွေဦးတော်လှန်ရေးဟာ အားလုံးအတွက် မျှော်လင့်ချက်ဆုံရာနေရာဖြစ်သလို၊ နောက်ဆုံး မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ မရနိုင်တဲ့အရာတွေဟာ မြန်မာပြည်မှာ ဘယ်တော့မှ မရနိုင်တော့မဲ့ အရာတွေသာ ဖြစ်ပါတယ်။ နွေဦးမှာ အမျိုးသားလူထု တန်းတူရေးရနိုင်မလား၊ လူ့အခွင့်အရေးချိုးဖောက်မှုကို တားဆီးနိုင်မလား၊ ကျား၊မတန်းတူရေးကို ရနိုင်မလား၊ အရပ်သားအုပ်ချုပ်မှုကို ဖော်ဆောင်နိုင်မလား၊ ခွဲခြားဆက်ဆံမှုကို ရပ်တန့်နိုင်မလား၊ အခွင့်ထူးခံဖြစ်မှုကို ရပ်တန့်နိုင်မလား။ နောက်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေးဟာ အားလုံးကို ဖြိုချပေးနိုင်မဲ့ တော်လှန်ရေးဖြစ်လာမလား။ အားလုံးအတွက် နောက်ဆုံးမျှော်လင့်ချက်တစ်ခုသာ။
“နွေဦးတော်လှန်ရေးဟာ အားလုံးအတွက် မျှော်လင့်ချက်ဆုံရာနေရာဖြစ်သလို၊ နောက်ဆုံးမျှော်လင့်ချက် လည်း ဖြစ်ပါတယ်”
“ လွတ်လပ်ခြင်းရဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media