- Published on
ဖိုဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်ဝါဒ ဖိုခနောက်ဆိုင်သောအခါ
ရေးသားသူ- Liliane
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။
နိဒါန်း
-----
ခေတ်သစ်မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို လေ့လာကြည့်လျှင် ဖိုဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်ဝါဒတို့၏ ဖိုခနောက်ဆိုင်သဖွယ် ဆက်နွယ်လျက်ရှိသော ဆက်ဆံရေးအခင်းအကျင်းကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ဤဝါဒကြီးသုံးခုသည် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနေကြပြီး မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအဆင့်တိုင်းတွင် ဤဝါဒကြီးများ၏ လွှမ်းမိုးမှုဒဏ်ကို ခံနေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ်၊ စစ်အုပ်ချုပ်ရေးခေတ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခေတ်၊ စစ်အာဏာသိမ်းမှုဖြစ်စဉ်များ စသည်ဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုများကြားတွင် ထိုဝါဒသုံးခု၏ ဆက်စပ်မှုနှင့် လွှမ်းမိုးမှုသည် အဆက်မပြတ် တည်ရှိနေခဲ့သည်။ ဤဆောင်းပါးတွင် မြန်မာနိုင်ငံ ရှိ ဖိုဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်ဝါဒတို့၏ သဘာဝ၊ ၎င်းတို့အကြား ဆက်စပ်မှု၊ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုနှင့် ထိုဝါဒများမှ လွတ်မြောက်ရန် နည်းလမ်းများကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။
ဖိုဝါဒဟူသည်
-----------
ဖိုဝါဒဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုတွင် ကျန်းမာသန်စွမ်းပြီး လုပ်နိုင်ကိုင်နိုင်ရှိသော အမျိုးသား များကို အလယ်ဗဟိုထားပြီး အာဏာ၊ အခွင့်အရေး၊ အရင်းအမြစ်များကို ထိန်းချုပ်ချယ်လှယ်သော စနစ်တစ်ခု ဖြစ်သည်။ ဤစနစ်အောက်တွင် အမျိုးသမီးများနှင့် အခြားလိင်စိတ်ခံယူမှုရှိသူများ၊ ဘာသာ၊ လူမျိုးနှင့် မသန်စွမ်းသည့် အမျိုးသားများပါ ဒုတိယတန်းစားနေရာတွင် ရှိနေကြပြီး ခွဲခြားဆက်ဆံခံရကာ ဖိနှိပ်ခံ ကြရသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းအစဉ်အလာတွင် ဖိုဝါဒသည် နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ ရိုးရာဓလေ့ထုံးစံများ၊ ဘာသာရေးယုံကြည်မှုများ၊ လူမှုရေးစံနှုန်းများမှတဆင့် ဤစနစ်ကို တည်တံ့စေခဲ့သည်။ မြန်မာ့သမိုင်းတွင် ဗုဒ္ဓဘာသာ၏ ကြီးစိုးမှုလည်း ပေထရီအာခီစနစ်အပေါ် သက်ရောက်မှုရှိခဲ့သည်။ ထို့ပြင် အမျိုးသမီးတစ်ယောက်အနေဖြင့် ဘုရားမဖြစ်နိုင်ဟူသော အယူအဆသည်လည်း ပေထရီအာခီစနစ်ကို ခိုင်မာစေသည့် အချက်တစ်ခုဖြစ်ခဲ့သည်။
မြန်မာနိုင်ငံရှိ ဖိုဝါဒသည် စစ်အုပ်ချုပ်ရေးနှင့် လူမျိုးကြီးဝါဒတို့နှင့် ဆက်စပ်မှုရှိခဲ့ပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန်အားဖြည့်ပေးနေကြသည်။ အမျိုးသမီးများ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးများကို "ကာကွယ်ရန်လို" သည်ဟု ဆင်ခြေပေးကာ လူမျိုးရေးအစွန်းရောက်ဝါဒနှင့် စစ်ဝါဒတို့ကို တရားဝင်အောင် ပြုလုပ်ခြင်းစသည့်နည်းလမ်းမျိုးစုံဖြင့် ဤဝါဒသုံးခုသည် ဆက်စပ်နေကြသည်။
လူမျိုးကြီးဝါဒဟူသည်
------------------
လူမျိုးကြီးဝါဒဆိုသည်မှာ မိမိကိုယ်တိုင်ပါဝင်သော လူမျိုး၊ တိုင်းရင်းသားအုပ်စု၊ ဘာသာယဉ်ကျေးမှု တို့ကို အခြားသောအုပ်စုများထက် သာလွန်သည်၊ မြင့်မြတ်သည်ဟု ယုံကြည်ပြီး အခြားလူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုများကို နိမ့်ကျသည်ဟု မှတ်ယူကာ ခွဲခြားဆက်ဆံသော အတွေးအခေါ်စနစ်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ပြည်နယ်- ပြည်မကြား နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်များ တန်းတူမရှိခဲ့သည် ယနေ့တိုင် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ အမြစ် ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံရှိ လူမျိုးကြီးဝါဒသည် ဘာသာရေးအစွန်းရောက်မှုနှင့်လည်း ဆက်စပ်လျက်ရှိသည်။ ဗုဒ္ဓဘာသာကို ကိုင်စွဲ၍ အခြားဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံခြင်း၊ မွတ်စလင်ဆန့်ကျင်ရေးဝါဒများ ပြောကြားခြင်းတို့ကို တွေ့ရသည်။ ဤအခြေအနေတွင် စစ်တပ်သည် "အမျိုး၊ ဘာသာ၊ သာသနာ" ကာကွယ်စောင့်ရှောက်သူများအဖြစ် မိမိကိုယ်မိမိ ရှုမြင်ပြီး စစ်ဝါဒအတွက် တရားဝင်မှုကို ရယူလေ့ရှိသည်။
စစ်ဝါဒဟူသည်
------------
စစ်ဝါဒဆိုသည်မှာ စစ်တပ်၏ စံတန်ဖိုးများနှင့် အကျင့်စရိုက်များကို လူ့အဖွဲ့အစည်းတစ်ခုလုံးအတွင်း စိမ့်ဝင်စေပြီး ဒီမိုကရေစီနည်းကျ အရပ်သားအုပ်ချုပ်မှုအစား စစ်တပ်၏ လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုကို ပိုမိုတန်ဖိုးထားသော အတွေးအခေါ်စနစ်ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် အောက်တွင် နှစ်ပေါင်းများစွာ ကျရောက်ခဲ့ပြီး စစ်ဝါဒသည် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအားလုံးနီးပါးတွင် စိမ့်ဝင်လျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုကဏ္ဍများတွင် စစ်ဝါဒ၏ လွှမ်းမိုးမှုများကို တွေ့မြင်နိုင်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကို နိုင်ငံ၏အမျိုးသားနိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခွင့်ပြုထားခြင်း၊ လွှတ်တော်တွင် ၂၅% သော နေရာများကို စစ်တပ်အတွက် သီးသန့်ထားရှိခြင်းသည် ပေါ်ပေါ်ထင်ထင်ကျင့်သုံးခဲ့သော စစ်ဝါဒဖြစ်သည်။ ထို့ပြင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးများ (UMEHL၊ MEC စသည်) ဖွဲ့စည်းထားပြီး နိုင်ငံ၏ စီးပွားရေးကဏ္ဍကို ကြီးစိုးထားခြင်း၊ လူမှုစံနှုန်းများ၊ နေ့စဉ်သုံးစကားလုံးများတွင် စစ်နှင့်အလွန်နှီးနွယ်မှုများကို ကြည့်ခြင်းအားဖြင့် စစ်ဝါဒ၏ ကျယ်ဝန်းစွာ စိုးမိုးနိုင်မှုကို မြင်နိုင်သည်။
စစ်ဝါဒသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုအားကောင်း လာခဲ့ပြီး နိုင်ငံရေးအတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းမီဒီယာများနှင့် သာမန်ပြည်သူများအပေါ် ပစ်မှတ်ထား နှိမ်နင်းမှုများ မြင့်တက်လာခဲ့သည်။ ဤအခြေအနေတွင် စစ်တပ်သည် နိုင်ငံ၏ အဓိက ပြဿနာဖြစ်ရုံမျှမက အခြေခံပြဿနာများကို ဖြေရှင်းရန် နည်းလမ်းအဖြစ် မိမိကိုယ်မိမိ ပုံဖော်လေ့လည်း ရှိသည်။
ထိုဝါဒသုံးခု၏ အရင်းခံများနှင့် အပြန်အလှန်အားပြုမှုများ
---------------------------------------------
မြန်မာနိုင်ငံတွင် ဖိုဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်ဝါဒတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး ကိုင်းကျွန်းမှီ- ကျွန်းကိုင်းမှီ အပြန်အလှန်အားဖြည့်ပေးနေကြသည်။ ဤဝါဒသုံးခုသည် မြန်မာ့သမိုင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများမှ အမြစ်တွယ်လာခဲ့ပြီး ပြုပြင်ပြောင်းလဲရန် ခက်ခဲသော အခြေအနေ တစ်ရပ်ကို ဖန်တီးထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်သည် ယခုတိုင် မဖြိုချနိုင်ခြင်းသည် စစ်ဝါဒကို ဖိုဝါဒ၊ လူမျိုးကြီးဝါဒအပေါ် ထပ်ဆင့်တည်ဆောက်ကာ အခြေခိုင်အောင် လုပ်ဆောင်ထားခြင်းကြောင့် ဖြစ်သည်။ စစ်တပ်သည် အလွန်အမင်း ယောကျ်ားဆန်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖိုဝါဒ၏ စံပြဥပမာဖြစ်သည်။
ထို့ပြင် “"အမျိုး၊ ဘာသာ၊ သာသနာ" ၏ ကာကွယ်သူများအဖြစ် ပုံဖော်ပြီး ထိုအယူအဆကို ၎င်းတို့၏ အာဏာ တည်မြဲရေးအတွက် အသုံးချကြသည်။ "တစ်မျိုးသား၊ တစ်ဘာသာ၊ တစ်ယဉ်ကျေးမှု" ကို အားပေးသော မူဝါဒများကို ချမှတ်ကျင့်သုံးသည်။စစ်တပ်သည် ဗမာလူမျိုး၏ ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာ၏မြင့်မြတ်မှုကို မြှင့်တင်ပြီး ကျန်လူမျိုးများ၏ ယဉ်ကျေးမှု၊ ကျန်ဘာသာများ၏မြင့်မြတ်မှုကို လုံဝအသိအမှတ်မပြုခြင်း၊ ဝါ တဆင့်နိမ့်ခြင်းဖြင့် လူမျိုးကြီးဝါဒကို စစ်ဝါဒအတွက် အသုံးချသည်။
မြန်မာနိုင်ငံတွင် ဝါဒကြီးသုံးခုသည် စက်ဝန်းသဖွယ် အပြန်အလှန်အားဖြည့်ပေးနေပြီး လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေကြသည်။ စစ်ဝါဒသည် ဖိုဝါဒကို အားဖြည့်ပေးပြီး "ယောကျ်ားဆန်မှု" ကို မြှင့်တင်၊ ခေါင်းဆောင်မှုတွင် အမျိုးသားများကို ဦးစားပေးသည်။ ဖိုဝါဒသည် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုကို ပုံမှန်ဖြစ်စေပြီး စစ်ဝါဒနှင့် လူမျိုးကြီးဝါဒကို လက်ခံစေသည်။ လူမျိုးကြီးဝါဒသည် စစ်တပ်၏ အခန်းကဏ္ဍကို တရားဝင်စေပြီး အမျိုးသားရေးအမည်ခံ၍ ခွဲခြားဆက်ဆံမှုကို ခွင့်ပြုသည်။
ဖိနှိပ်မှုသံသရာ
-------------
မြန်မာ့လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော ဖိနှိပ်မှုစနစ်ကြီးကို ဖန်တီးထားပြီး စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ လူမျိုးစုများအကြား သင့်မြတ်ရေး၊ ကျားမတန်းတူ ညီမျှရေး တို့အတွက် အတားအဆီးဖြစ်စေသည်။ မြန်မာနိုင်ငံတွင် ဖိုဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်ဝါဒတို့၏ ဖိုခနောက်ဆိုင်သွယ် ဆက်စပ်မှုသည် လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းသော ဖိနှိပ်မှုသံသရာကို ဖန်တီးထားသည်။ ဤသံသရာသည် အောက်ပါအကျိုးဆက်များကို ဖြစ်ပေါ်စေသည်။
၁။ လူ့အခွင့်အရေးချိုးဖောက်မှုများ
ဝါဒကြီးသုံးခု၏ ပေါင်းစပ်မှုသည် လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်မှုများကို ဖြစ်ပေါ်စေသည်။
၁. အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု - စစ်မက်ဒေသများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှုတို့ မြင့်တက်လာသည်။
၂. တိုင်းရင်းသားလူနည်းစုများအပေါ် စနစ်တကျဖိနှိပ်မှု - ၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် အခွင့်အရေးများကို ကန့်သတ်ခံရသည်။
၃. နိုင်ငံရေးအကျဉ်းသားများ - စစ်တပ်၏ လုပ်ရပ်များကို ဆန့်ကျင်သူများ၊ ဒီမိုကရေစီလိုလားသူများ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း။
၄. ဘာသာရေးလူနည်းစုများအပေါ် ခွဲခြားဆက်ဆံခြင်း - မွတ်စလင်၊ ခရစ်ယာန်နှင့် အခြားဘာသာဝင်များ သည် ၎င်းတို့၏ ယုံကြည်မှုကြောင့် ဖိနှိပ်ခံရပြီး အခွင့်အရေးများကို ကန့်သတ်ခံရသည်။
၂။ ဆင်းရဲမွဲတေမှု၊ ပညာရေးနှင့် စီးပွားရေး ကန့်သတ်ချက်များ
ဝါဒကြီးသုံးခု၏ နှောင်ကြိုးများသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့ထားပြီး အောက်ပါအကျိုးဆက်များ ဖြစ်ပေါ်စေသည်။
၁. ခရိုနီအရင်းရှင်စနစ် - စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးကို လက်ဝါးကြီးအုပ်ထားခြင်း။
၂. မညီမျှသော အရင်းအမြစ်ခွဲဝေမှု - တိုင်းရင်းသားဒေသများမှ သဘာဝအရင်းအမြစ်များကို ထုတ်ယူ သော်လည်း အကျိုးအမြတ်များကို မျှဝေမှု မရှိခြင်း။
၃. အလုပ်အကိုင်ခွဲခြားမှု - အချို့အုပ်စုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ကန့်သတ်ခံရခြင်း၊ ကျားမအလိုက် လုပ်ခလစာ ကွာဟမှုကြီးမားခြင်း။
၄. ပညာရေးတွင် ခွဲခြားဆက်ဆံမှု - လူမျိုးကွဲ၊ ဘာသာကွဲများအတွက် ပညာရေးအခွင့်အလမ်း နည်းပါးခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးများအတွက် ပညာရေးအဟန့်အတားများ မြင့်မားခြင်း။
၃။ စိတ်ဓာတ်ရေးရာနှင့် လူမှုရေးထိခိုက်မှုများ
ဤဝါဒများသည် လူမှုအသိုင်းအဝိုင်း၏ စိတ်ဓာတ်ရေးရာနှင့် လူမှုရေးအပေါ် နက်ရှိုင်းသော သက်ရောက်မှုများရှိသည်။
၁. စိတ်ဒဏ်ရာနှင့် စိတ်ကျန်းမာရေး ပြဿနာများ - စစ်မက်ဒေသများတွင် နေထိုင်သူများ၊ စစ်ဘေးရှောင်များ၊ အကြမ်းဖက်ခံရသူများတွင် စိတ်ဒဏ်ရာများ များပြားလာခြင်း။
၂. လူမှုရေးယုံကြည်မှု ပျက်ပြယ်ခြင်း - တိုင်းရင်းသားအုပ်စုများအကြား သံသယနှင့် ယုံကြည်မှုကင်းမဲ့မှု။
၃. အကြမ်းဖက်မှုယဉ်ကျေးမှု - အကြမ်းဖက်မှုကို ပုံမှန်အခြေအနေတစ်ခုအဖြစ် လက်ခံလာခြင်း၊ ပဋိပက္ခဖြေရှင်းရေးနည်းလမ်းအဖြစ် အကြမ်းဖက်မှုကို လက်ခံလာခြင်း။
၄. ပုံသေကားကျ ခွဲခြားဆက်ဆံမှုများ တည်မြဲခြင်း - ကျား/မ၊ တိုင်းရင်းသားအုပ်စု၊ ဘာသာရေးအုပ်စုများ အပေါ် ပုံသေကားကျ အမြင်များ တည်မြဲနေခြင်း။
၄။ ပြည်တွင်းစစ်နှင့် အကြမ်းဖက်မှု သံသရာ
ဤဝါဒကြီးသုံးခုသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အကြမ်းဖက်မှုနှင့် ပြည်တွင်းစစ်သံသရာကို အားပေးသည်။
၁. အဆုံးမရှိသော တိုင်းရင်းသားပဋိပက္ခများ - ကချင်၊ ရှမ်း၊ ကရင်၊ ရခိုင်စသည့် ပြည်နယ်များတွင် နှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲများ။
၂. ဘာသာရေးအကြမ်းဖက်မှု - မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ၊ ဘာသာရေးအခြေခံ ပဋိပက္ခများ။
၃. နိုင်ငံရေးအကြမ်းဖက်မှု - ဆန္ဒပြသူများအပေါ် အင်အားသုံးနှိမ်နင်းမှု၊ တက်ကြွလှုပ်ရှားသူများအား ပစ်မှတ်ထားသတ်ဖြတ်မှု။
၄. စစ်အာဏာသိမ်းမှုသံသရာ - ဒီမိုကရေစီအတွက် အရပ်သားပြည်သူများ၏ တိုက်ပွဲနှင့် စစ်တပ်၏ ဖိနှိပ်မှုသံသရာ၊ ၂၀၂၁ အာဏာသိမ်းမှုကဲ့သို့ သံသရာတစ်ခု။
စစ်မှန်သော လွတ်မြောက်ရာလမ်း
---------------------------
မြန်မာနိုင်ငံအတွက် စစ်မှန်သော လွတ်မြောက်ရာလမ်းသည် ဖိုဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်ဝါဒတို့၏ ဖိနှိပ်မှုသံသရာမှ ထွက်ခွာရာလမ်း ဖြစ်သည်။ ထိုလမ်းကြောင်းတွင် အောက်ပါအချက်များ ပါဝင်သည်။
စနစ်တကျ ပြုပြင်ပြောင်းလဲမှုများ
----------------------------
မြန်မာနိုင်ငံတွင် ဖိနှိပ်မှုသံသရာမှ လွတ်မြောက်ရန် စနစ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်သည်။
၁. နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲခြင်း - စစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက်သို့ ယူဆောင်လာခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ခြင်း
၂. ကျား/မတန်းတူညီမျှရေး မူဝါဒများ - ပေထရီအာခီစနစ်ကို ဆန့်ကျင်သော ဥပဒေများ ပြဋ္ဌာန်းခြင်း၊ အမျိုးသမီးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပါဝင်ခွင့်ကို မြှင့်တင်ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများ အားဖြည့်ခြင်း
၃. တိုင်းရင်းသားတန်းတူညီမျှရေး - တိုင်းရင်းသားများ၏ အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ်စနစ်၊ တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုများကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဝန်ဆောင်မှုများနှင့် အရင်းအမြစ်များ မျှတစွာ ခွဲဝေခြင်း
၄. ဘာသာရေးလွတ်လပ်ခွင့် - ဘာသာရေးအုပ်စုအားလုံးအတွက် တန်းတူအခွင့်အရေးများ ပေးအပ်ခြင်း၊ နိုင်ငံတော်နှင့် ဘာသာရေးကို ခွဲခြားခြင်း၊ အမုန်းစကားများကို တားမြစ်သည့် ဥပဒေများ ပြဋ္ဌာန်းခြင်း
၅. စီးပွားရေးပြုပြင်ပြောင်းလဲမှု - စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်ခြင်း၊ ခရိုနီအရင်းရှင်စနစ်ကို တိုက်ဖျက်ခြင်း၊ သာတူညီမျှသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း
၆. ပညာရေးပြုပြင်ပြောင်းလဲမှု - စစ်ဝါဒဖြန့်ချိသည့် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ခြင်း၊ အမျိုးသမီးများနှင့် တိုင်းရင်းသားအုပ်စုများအတွက် ပညာရေးအခွင့်အလမ်းများ တိုးမြှင့်ခြင်း၊ ပညာရေးတွင် မတူကွဲပြားမှုကို လေးစားအသိအမှတ်ပြုခြင်း
အသိပညာမြှင့်တင်ခြင်းနှင့် သဘောထားပြောင်းလဲခြင်း
--------------------------------------------
ဥပဒေနှင့် မူဝါဒပြောင်းလဲမှုများအပြင် လူထု၏ သဘောထားပြောင်းလဲရန်လည်း လိုအပ်သည်
၁. ပညာရေးနှင့် အသိပညာပေးခြင်း - ကျားမရေးရာ တန်းတူညီမျှမှု၊ တိုင်းရင်းသားများအကြား နားလည်မှု၊ ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်မှုကို အားပေးသော ပညာရေးအစီအစဉ်များ
၂. မီဒီယာ၏ အခန်းကဏ္ဍ - ပုံသေကားကျ ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ရာတွင် မီဒီယာ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်း၊ တာဝန်သိသော သတင်းရေးသားခြင်း
၃. အရပ်ဘက်လူမှုအဖွဲ့အစည်းများအား အားဖြည့်ခြင်း - အမျိုးသမီးအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများကို အားဖြည့်ခြင်း
၄. ဘာသာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍ - ဘာသာပေါင်းစုံဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများကို မြှင့်တင်ခြင်း၊ ဘာသာရေးခေါင်းဆောင်များက ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ရန် အားပေးခြင်း
၅. ကျား/မရေးရာ အသိပညာ - မိသားစုမှစ၍ လူမှုအသိုင်းအဝိုင်းအထိ ကျားမတန်းတူညီမျှရေး အသိပညာမြှင့်တင်ခြင်း
အောက်ခြေမှ ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှု
-----------------------------------------
မြန်မာနိုင်ငံတွင် စစ်မှန်သော ပြောင်းလဲမှုအတွက် ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။
၁. တိုင်းရင်းသားညီညွတ်ရေး - တိုင်းရင်းသားအုပ်စုအသီးသီးအကြား သွေးစည်းညီညွတ်မှု တည်ဆောက်ခြင်း၊ ဘုံရည်မှန်းချက်များအတွက် အတူတကွ လုပ်ဆောင်ခြင်း
၂. အမျိုးသမီးများ၏ ခေါင်းဆောင်မှု - ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ပါဝင်မှုကို မြှင့်တင်ခြင်း
၃. ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု - ဘာသာအမျိုးမျိုးမှ ပညာရှိများ၊ လူငယ်များ ပူးပေါင်း၍ ဘာသာရေးအစွန်းရောက်ဝါဒကို ဆန့်ကျင်ခြင်း
၄. မျိုးဆက်သစ်များပါဝင်မှု - လူငယ်လူရွယ်များသည် ပြောင်းလဲရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခြင်း
၅. နိုင်ငံတကာပံ့ပိုးမှု - နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့ဒီမိုကရေစီအတွက် ပံ့ပိုးကူညီခြင်း၊ ဖိနှိပ်မှုစနစ်များကို အားပေးသည့် အပြုအမူများကို ရပ်တန့်ခြင်း
နိဂုံး
----
မြန်မာနိုင်ငံတွင် တကယ့်လွတ်မြောက်ရာလမ်းသည် ဖိုဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်ဝါဒတို့ကို တစ်ပြိုင်နက် တိုက်ဖျက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ ထိုဝါဒသုံးခု၏ အမြစ်များကို မဖြတ်တောက်ဘဲ၊ တစ်ခုကိုသာ တိုက်ဖျက်ပါက အောင်မြင်နိုင်မည်မဟုတ်ပေ။ ဤဝါဒကြီးသုံးခုသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဖိနှိပ်မှု သံသရာတစ်ခုကို ဖန်တီးထားပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှု တို့အတွက် အဓိကအတားအဆီးဖြစ်နေသည်။
သို့သော် သမိုင်းက သက်သေပြခဲ့သည်မှာ မည်သည့်စနစ်မဆို ထာဝရမတည်မြဲနိုင်ပါ။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာပြည်သူများသည် စစ်ဝါဒ၊ လူမျိုးကြီးဝါဒနှင့် ဖိုဝါဒတို့ကို တစ်ပြိုင်နက် တွန်းလှန်ရန် ကြိုးပမ်းလျက်ရှိသည်။
“လူတိုင်း၏ သွေးစည်းညီညွတ်မှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်သာ စစ်မှန်သော ပြောင်းလဲမှုကို ရရှိနိုင်မည်ဖြစ်သည်။ ဖိနှိပ်မှုသံသရာမှ လွတ်မြောက်ရန် ဖိုဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်ဝါဒတို့၏ အမြစ်များကို တစ်ပြိုင်နက် ဖြတ်တောက်နိုင်ဖို့အတွက် လူတိုင်းတွင် တာဝန်ရှိပါသည်”
ပြည်သူအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ဖိနှိပ်မှုစနစ်များကို ခုခံတွန်းလှန်ပြီး ပိုမိုတရားမျှတ၍ တန်းတူညီမျှမှုရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လူတိုင်း၏ သွေးစည်း ညီညွတ်မှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်သာ စစ်မှန်သော ပြောင်းလဲမှုကို ရရှိနိုင်မည်ဖြစ်သည်။ ဖိနှိပ်မှုသံသရာမှ လွတ်မြောက်ရန် ဖိုဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်ဝါဒတို့၏ အမြစ်များကို တစ်ပြိုင်နက် ဖြတ်တောက်နိုင်ဖို့အတွက် လူတိုင်းတွင် တာဝန်ရှိပါသည်။ အနာဂတ်မျိုးဆက်သစ်များကို ဖိနှိပ်မှုသံသရာမှ ကင်းလွတ်နိုင်ရန်အတွင် ယနေ့ကစပြီး စစ်ဝါဒ၊ လူမျိုးကြီးဝါဒနှင့် ဖိုဝါဒကို တစ်ပြိုင်နက်တည်း တွန်းလှန်ကြရမည်သာ ဖြစ်သည်။ ။

အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media