- Published on
နွေဦးတော်လှန်ရေးနှင့် ခေါင်းဆောင်မှုဟာကွက်များ
ရေးသားသူ- Liliane
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။
မြန်မာပြည်ကို ပန်းချီကားတစ်ချပ်နဲ့ နှိုင်းရမယ်ဆိုရင် စစ်တလင်း ကြားမှာ တော်လှန်ရေးအလံကို အမြင့်ဆုံး လွှင့်ထူနိုင်ဖို့ မျှော်လင့်ချက်အပြည့်မျက်လုံးနဲ့ လှမ်းကြည့်နေသည့် ပမာပင်
နိဒါန်း
-----
(၄) နှစ်ပြည့်လာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ အားရမှု၊ စိတ်ပျက်မှုတွေကြားမှာ လက်ရှိအချိန်အထိ တပ်ဦးအလံကို မကျစတမ်း လွှင့်ထူထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါကိုယ်တိုင်ကပင် နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတစ်ခုမဟုတ်ပါသလား။ (၄၈) လသက်တမ်းရှိတဲ့ကာလအတွင်းမှာ စစ်ရေးအောင်မြင်မှုဟာ အထွန့်အထိပ်ကို ရောက်ရှိခဲ့သလို၊ စစ်ရေးစွမ်းရည်တွေ အရှိန်ထိုးမြင့်တက်လာခဲ့ပါတယ်။
စစ်ရေးနဲ့အတူ နိုင်ငံရေးစနစ်သစ်ကို အုတ်မြစ်ချနိုင်မှုနဲ့ အခြေတည်နိုင်မှုက အားနည်းပါတယ်။ လွတ်မြောက်နယ်မြေဒေသက အုပ်ချုပ်မှုတွေအပေါ် မကျေနပ်မှုတွေက နေ့စဉ်ရက်ဆက် ပိုပြီးအသံကျယ် လာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ ဒုက္ခတွေဟာ ဆထက်တပိုး မြင့်တက်လာပါတယ်။ စစ်ပွဲတွေကြားက ဒေသတွေကတော့ အပျက်ပုံပမာနဲ့ လွတ်ရာဒေသကို စစ်ရှောင်ခဲ့ကြရပါတယ်။
တောင့်ခံနိုင်သလောက် အဆုံးထိ တောင့်ခံကြသွားမဲ့ပြည်သူတွေကတော့ မျက်ရည်လည်ရွှဲနဲ့ တော်လှန်ရေးအောင်ပွဲကို နေ့စဉ်ရက်ဆက် စောင့်မျှော်နေဆဲပင်။ မြန်မာပြည်ကို ပန်းချီကားတစ်ချပ်နဲ့ နှိုင်းရမယ်ဆိုရင် စစ်တလင်းကြားမှာ တော်လှန်ရေးအလံကို အမြင့်ဆုံး လွှင့်ထူနိုင်ဖို့ မျှော်လင့်ချက်အပြည့်မျက်လုံးနဲ့ လှမ်းကြည့်နေသည့် ပမာပင်။
(၄) နှစ်တာကာလအတွင်းမှာ ပြည်သူလူထုနဲ့ တော်လှန်ရေးကို အလှုပ်အခတ်ဖြစ်စေခဲ့တဲ့ ကိစ္စပေါင်း မြောက်များစွာ ကြုံတွေ့ခဲ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး၊ ကောလင်းတိုက်ပွဲ၊ ရမခသိမ်းတိုက်ပွဲ၊ နပခသိမ်း တိုက်ပွဲတွေအကြောင်း၊ စစ်မှုထမ်းဥပဒေနဲ့ မရိုးနိုင်တဲ့ (၆) လတခါသက်တမ်းတိုးနေတဲ့ စစ်ကောင်စီရဲ့ သက်တမ်းနဲ့ လူတွေကို စိုးရိမ်မှုဖြစ်စေတဲ့ ရွေးကောက်ပွဲကိစ္စတွေပါ။ဒါတွေက တော်လှန်ရေးမှာ ပြောစမှတ် ဖြစ်ရတဲ့ဖြစ်ရပ် ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့နဲ့၊ အုပ်ချုပ်ရေး ယန္တရားတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တရားမျှတမှု ရှိအောင် စီမံပေးဖို့ဆိုတဲ့တောင်းဆိုချက်တွေကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ကြရပါတယ်။ (၄)နှစ်တာ ခရီးကို ပြန်မျှော်ကြည့်ရမယ်ဆို တိုက်ပွဲတွေရဲ့ အောင်မြင်မှုတွေအပေါ် အားရ စိတ်ကျေနပ်မိရသလောက် တော်လှန်ရေးအောင်ပွဲအတွက် ရင်လေးနေရတုန်းပင် ဖြစ်ပါတယ်။
စနစ်ပြောင်းတော်လှန်ရေးအတွက် ခေါင်းဆောင်မှုပုံစံများ
----------------------------------------------
နွေဦးတော်လှန်ရေးဟာ စစ်ကောင်စီ၊ မင်းအောင်လှိုင်အပါအဝင် အာဏာရှင်တသိုက် ပြုတ်ကျအောင် တိုက်ပွဲဝင်နေတာထက် အများကြီး ပိုပါတယ်။ နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်ကနေ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ပြောင်းလဲပေးမဲ့ စနစ်ပြောင်းတော်လှန်ရေး ဖြစ်ပါတယ်။ စနစ်ပြောင်းတော်လှန်ရေးတိုင်းမှာ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်အဖွဲ့တစ်ခု မရှိမဖြစ် လိုအပ်ပါတယ်။
တော်လှန်ရေးခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး လေ့လာမှုအများအပြား ပြုလုပ်ခဲ့ကြပါတယ်။ ကြိုတင် မှန်းဆသော လေ့လာမှုတွေထဲက Eric Hoffer ရဲ့ လေ့လာမှုက အကျော်ကြားဆုံး ဖြစ်ပါတယ်။ သူက တော်လှန်ရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အဆင့်သုံးဆင့်နဲ့ ကိုက်ညီတဲ့ တော်လှန်ရေးခေါင်းဆောင် အမျိုးအစား သုံးမျိုးကို ဖော်ထုတ်ခဲ့ပါတယ်။ Hoffer ရဲ့ လေ့လာမှုအရ စနစ်ပြောင်းတော်လှန်ရေးတွေကို “စကားလုံးတွေနဲ့ ဦးဆောင်သူ (Men of Words)” တွေက ပြင်ဆင်ပေးပြီး၊ “အမြစ်မြေလှန်တလမ်းမောင်းခေါင်းဆောင်သူ (Head by the fanatic)” က ထိပ်တိုက်တွေ့တဲ့အထိ ဦးဆောင်ပေးပြီးတော့၊ “လက်တွေ့ကျခေါင်းဆောင်သူ (Practical Men of Action)” တွေက တော်လှန်ရေးအခြေကျအောင် လုပ်ဆောင်ကြပါတယ်။
စကားလုံးတွေနဲ့ဦးဆောင်သူတွေက လက်ရှိပြည်သူလူထုတွေ လက်ခံထားတဲ့အာဏာရှင်စနစ်ရဲ့ ယုံကြည်ချက်တွေနဲ့ အဖွဲ့အစည်းတွေကို အသရေဖျက်တာ ရှုတ်ချတာတွေ လုပ်ပြီးတော့၊ ယုံကြည်မှုအသစ် သို့မဟုတ် အယူဝါဒအသစ်တစ်ခုအတွက် ဆန္ဒကို ဖန်တီးပေးတာ၊ အုပ်ချုပ်နေတဲ့ အာဏာရှင်အစိုးရအပေါ် ယုံကြည်မှုကို ယိုယွင်းစေခြင်းဖြင့် တော်လှန်ရေးအတွက် အခြေခံအုတ်မြစ်ချပေးပါတယ်။
တော်လှန်ရေးလှုပ်ရှားမှု ရင့်မှည့်လာသောအခါ အမြစ်မြေလှန်အပြောင်းအလဲပြုလိုတဲ့ တလမ်းမောင်း ခေါင်းဆောင်သူသာလျှင် ဦးဆောင်နိုင်ပါတယ်။ စကားလုံးတွေနဲ့ ဦးဆောင်သူတွေက ဒီလို တော်လှန်ရေးရဲ့ အကြမ်းဖက်တိုက်ပွဲတွေအတွက် မသင့်လျော်ပါဘူး။ စနစ်အဟောင်း ပြိုကွဲပြီး ဖရိုဖရဲဖြစ်လာခြင်းက သူတို့ကို ကြောက်လန့်သွားစေပါတယ်။ အမြစ်မြေလှန်အပြောင်းအလဲလုပ်ချင်နေတဲ့ တလမ်းမောင်းခေါင်းဆောင်သူ တွေကတော့ ဒီလိုမဟုတ်ပါဘူး။ ဆူပူမှုတွေ၊ အကြမ်းဖက်လမ်းစဉ်တွေကို ဟန်ချက်ညီညီနဲ့ အမိန့်နာခံမှု အားကောင်းအောင် စီမံလုပ်ဆောင်နိုင်ပါတယ်။ သူတို့တွေရဲ့ အရေးပါတဲ့ အရည်အသွေးတွေက - (၁) ရဲရင့်မှု၊ (၂) မြင့်မြတ်သောရည်ရွယ်ချက်အပေါ် မျက်ကန်းဆန်တဲ့ ယုံကြည်မှု၊ (၃) လူအများကို ဆွဲဆောင်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး၊ (၄) နောက်လိုက်များရဲ့ အကြီးမားဆုံး လိုလားချက်သည် စည်းလုံးညီညွတ်မှု၊ သွေးစည်း ညီညွတ်မှု၊ စုပေါင်းဆက်သွယ်မှုဖြစ်ကြောင်း နားလည်မှု၊ နှင့် (၅) မျက်စိမှိတ်ယုံကြည်ကြတဲ့ လက်စွမ်း ထက်သည့်အဖွဲ့ကို စုစည်းနိုင်စွမ်း တို့ဖြစ်ပါတယ်။ Hoffer က ထိုသူတို့မှာ မလိုအပ်သော အရည်အသွေး အချို့ကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ ထူးခြားသော ဉာဏ်ရည်၊ စိတ်ရင်းကောင်းသောစရိုက်၊ မူရင်းဆန်မှုတို့ ဖြစ်ပါတယ်။ Hofferက ဒီအရည်အသွေးတွေက အဟန့်အတားပင် ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။
Hoffer အရ စနစ်ပြောင်းတော်လှန်ရေးကို လက်တွေ့ကျတဲ့ခေါင်းဆောင်တွေက အခြေကျစေပါတယ်။ သူတို့တွေက သင့်လျော်သလို ညှိနှိုင်းဆွေးနွေးနိုင်ပြီး၊ အပေးအယူလုပ်နိုင်ကာ၊ တည်ငြိမ်မှု ပုံရိပ်တစ်ခု ပြန်လည်ရရှိရန် ကြိုးပမ်းနိုင်ကြတဲ့ ကျိုးကြောင်းဆင်ခြင်တတ်သူ၊ အေးဆေးတည်ငြိမ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူမှုရေးအင်အားစုများနဲ့ စိတ်ခံစားချက်များရဲ့ ဦးတည်ရာကို ခံစားနားလည်နိုင်သလို၊ အခြေအနေ အချိန်အခါနဲ့အညီ မိမိတို့ရဲ့အပြုအမူကို ညှိနှိုင်းနိုင်စွမ်းလည်း ရှိပါတယ်။
Hoffer ရဲ့အဆိုအရ တော်လှန်ရေးတစ်ခုမှာ ဤအခန်းကဏ္ဍသုံးခုကို လူအမျိုးမျိုးက အဆင့်ဆင့်နဲ့ သီးခြားစီ လုပ်ဆောင်ခြင်းက အကျိုးရှိစေပါတယ်။ ဒီနည်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုရဲ့ တက်ကြွမှုနဲ့ ထိရောက် မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ Hoffer က ထောက်ပြတာက လူအနည်းငယ်သာလျှင် အခန်းကဏ္ဍသုံးခုလုံးကို ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။
တော်လှန်ရေးခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး နောက်ထပ်သဘောတရားတစ်ခုကို Rex D. Hopper က ဖော်ထုတ်ခဲ့ပါသေးတယ်။ သူသည် စနစ်ပြောင်းတော်လှန်ရေးရဲ့ အဆင့်လေးဆင့်မှာ လိုအပ်တဲ့ ခေါင်းဆောင် အမျိုးအစား လေးမျိုးကို ဖော်ထုတ်ခဲ့ပါတယ်။ “ပဏာမ” အဆင့်မှာ ခေါင်းဆောင်မှုဟာ လှုံ့ဆော်သူရဲ့ လက်ထဲမှာ ရှိပါတယ်။ လူထုကို အသိတရားရစေဖို့၊ မတရားမှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို မီးမောင်း ထိုးပြဖို့၊ မငြိမ်မသက်မှုနဲ့ မကျေနပ်မှုကို အမြင့်ဆုံးဖြစ်စေဖို့၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အနှစ်သာရကို စိန်ခေါ်ဖို့ ကြိုးပမ်းသူဖြစ်ပါတယ်။
“လူထုပါဝင်လာမှု” အဆင့်မှာ ခေါင်းဆောင်မှုဟာ ပရောဖက်နဲ့ ပြုပြင်ပြောင်းလဲရေးသမား၏ လက်ထဲမှာ ရှိပါတယ်။ ပရောဖက်က အထူးအသိပညာနှင့် အထူးတာဝန်သိစိတ် ရှိတာကြောင့်ဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲရေးသမားတွေက သီးခြားပြဿနာတွေအတွက် တိုက်ပွဲဝင်ရမဲ့ သီးခြားရွေးချယ်စရာ နည်းနာတွေနဲ့ အစီအစဉ်တွေကို တင်ပြရတာကြောင့် ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ “တရားဝင်” အဆင့်မှာ ခေါင်းဆောင်မှုဟာ နိုင်ငံရေးသမားတွေရဲ့ လက်ထဲမှာ ရှိပါတယ်။ မူဝါဒအသစ်တွေကို ရေးဆွဲအကောင်အထည် ဖော်နိုင်ပြီး၊ လူထုရဲ့ တောင်းဆိုမှုတွေနဲ့ ဆန္ဒတွေကို တိုင်းတာနိုင်သူတွေ ဖြစ်ပါတယ်။
လှုပ်ရှားမှုရဲ့နောက်ဆုံး သို့မဟုတ် “အဖွဲ့အစည်းဆိုင်ရာ” အဆင့်မှာ အုပ်ချုပ်ရေးမှူးတွေနဲ့ အမှုဆောင်တွေ ပေါ်ထွက်လာပါတယ်။ တော်လှန်ရေးရည်မှန်းချက်တွေ အကောင်အထည်ဖော်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာ စီစဉ်မှုအသစ်တွေကို ဖန်တီးနိုင်တဲ့ နည်းပညာရှင်တွေ ဖြစ်ပါတယ်။
ခေါင်းဆောင်မှုအမျိုးအစား၊ အသက်အရွယ်၊ လူမှုရေးနောက်ခံ၊ အလုပ်အကိုင်နဲ့ ပညာရေးတို့ မည်သို့ပင်ရှိစေကာမူ တော်လှန်ရေးခေါင်းဆောင်တွေဟာ အခြေခံကျတဲ့ လုပ်ငန်းတာဝန်အချို့ကို ထမ်းဆောင်နိုင်စွမ်း ရှိကြောင်း သက်သေပြရပါမယ်။ အနည်းဆုံးအနေနဲ့ သူတို့ဟာ သင့်လျော်တဲ့ နိုင်ငံရေး အယူဝါဒတစ်ခုကို ရေးဆွဲနိုင်ရမှာ ဖြစ်သလို၊ သင့်လျော်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ရမှာ ဖြစ်ပါတယ်။ ထိရောက်သော အကြမ်းဖက်မှုနှင့် အကြမ်းဖက်ခြင်းကို အသုံးပြုရမှာ ဖြစ်သလို၊ နိုင်ငံတကာအခြေအနေကို အကျိုးအရှိဆုံး စီမံခန့်ခွဲနိုင်ရမှာ ဖြစ်ပါတယ်။
ထင်ထင်ရှားရှားမြင်တွေ့နေရသည့် အပြောင်းအလဲများ
-------------------------------------------
နွေဦးတော်လှန်ရေးမှာ ထင်ထင်ရှားရှားမြင်တွေ့နိုင်တဲ့ အပြောင်းအလဲများစွာ ရှိပါတယ်။ ပြည်သူ လူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်တစားပါဝင်လာမှုဟာ အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။ မြန်မာ့နိုင်ငံရေး ပြဿနာဟာ စစ်အာဏာရှင်လူတစ်စုထက် ပိုကျယ်ပြန့်ပြီး အမျိုးသားလူထုအချင်းချင်းကြား တန်းတူညီမျှရေး မရှိမှုတွေ၊ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းပိုင်ခွင့်မရှိမှုတွေကြောင့် ဖြစ်တယ်ဆိုတာ ပိုပြီးထင်ထင်ရှားရှားမြင်လာ ကြသလို၊ တရားမျှတမှုသည် တော်လှန်ရေးကာလအတွင်းမှာပင် မျက်ကွယ်မပြုသင့်သည့် အရာဖြစ်တယ် ဆိုတာ ပိုပြီးမြင်လာကြပါတယ်။ စစ်ရေးအောင်မြင်မှုအမြင့်ဆုံးရောက်ရှိနေသလို၊ စစ်ကောင်စီကို စစ်ရေးနည်းနဲ့ အမြင့်ဆုံး ဖိအားပေးနိုင်တဲ့ အခြေအနေကို ဖန်တီးနိုင်ခဲ့ပါတယ်။
မြန်မာ့တော်လှန်ရေးသမိုင်းမှာ လွတ်မြောက် နယ်မြေအများဆုံးအချိန်လို့တောင် ဆိုနိုင်ပါတယ်။ စစ်တပ်တွင်း စိတ်ဓာတ်ပျက်ပြားမှုကို သိသိသာသာ မြင်တွေ့နေရတဲ့အချိန် ဖြစ်ပါတယ်။ နောက်ထပ် မြင်တွေ့နိုင်တဲ့အပြောင်းအလဲက လူမှုစံနှုန်းအပြောင်းအလဲ ဖြစ်ပါတယ်။ စစ်ရေးနဲ့ပတ်သက်ပြီးအမြင်တွေ ထင်ထင်ရှားရှားပြောင်းလဲလာသလို၊ ပြည်တွင်းစစ်အပေါ်၊ လက်နက်ကိုင်တော်လှန်ရေးတွေအပေါ် အမြင် ပြောင်းလဲလာပါတယ်။ အဆင့်ဆင့်ဖိနှိပ်မှုသဘောတရားကို ပိုပြီးမြင်သာလာတဲ့အချိန်အခါလို့လည်း ဆိုနိုင်ပါ တယ်။ နောက်ဆုံးထင်ရှားတဲ့ အပြောင်းအလဲတစ်ခုက နိုင်ငံတကာရဲ့ မြန်မာ့အရေးစိတ်ဝင်စားမှုနဲ့ ထောက်ပံ့မှု ဟာ ပြည်သူတွေ ထင်ထားတာထက်ကို အလွန်နည်းတာကို တွေ့ရပါတယ်။
အရေးတကြီးဖာထေးရမည့် ဟာကွက်များ
----------------------------------
နွေဦးတော်လှန်ရေးဟာ အောင်မြင်နိုင်မှု အမြင့်ဆုံးအချိန်ကိုလည်း ရောက်ရှိနေပြီဖြစ်သလို၊ ထိခိုက်နာကျင်မှု အများဆုံးအနေအထားကိုလည်း ရောက်ရှိနေပါပြီ။ ဒါကြောင့် အားနည်းချက်တွေကို အရေး တကြီးဖာထေးသွားရမှာ ဖြစ်ပါတယ်။ အရေးတကြီး ဖာထေးရမဲ့ ဟာကွက်တွေကတော့ (၁) တော်လှန်ရေး ဦးဆောင်မှုကို ပိုမိုကောင်းမွန်ပြီးအံဝင်ဂွင်ကျဖြစ်အောင် လုပ်ဆောင်နိုင်ရန်၊ (၂) အုပ်ချုပ်မှုစွမ်းရည် ပိုမို ကောင်းမွန်လာရန်နဲ့ ဒေသလိုအပ်ချက်ကို အမြင့်ဆုံးဖြည့်ဆည်းပေးနိုင်ရန်နှင့် (၃) မဟာဗျူဟာမြောက် စစ်ရေး လှုပ်ရှားများ ပိုမိုဖြစ်လာရန် ဖြစ်ပါတယ်။
တော်လှန်ရေးဦးဆောင်မှုဟာ လက်ရှိအချိန်မှာ ဝေဖန်ခံရဆုံးအချက်တခု ဖြစ်နေပါတယ်။ ဒီဟာကွက် ကို သေချာစွာ သုံးသပ်ရင်းနဲ့ လူမှန်နေရာမှန်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ စနစ်ပြောင်း တော်လှန်ရေး တစ်ခု အောင်မြင်ဖို့ရန်အတွက် စိတ်၊ စေတနာ၊ ဇော အားကောင်းရုံနဲ့ မလုံလောက်ပါဘူး။ ခေါင်းဆောင်မှုပုံစံ မှန်ကန်မှုဟာ အလွန်အရေးကြီးပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာ စကားလုံးတွေနဲ့ ဦးဆောင်သူတွေ အလွန်များနေပြီး၊ အမြစ်မြေလှန်အပြောင်းအလဲလုပ်ချင်နေတဲ့ တလမ်းမောင်း ခေါင်းဆောင်သူတွေနဲ့ လက်တွေ့ကျတဲ့ခေါင်းဆောင်သူတွေက အားနည်းနေဆဲဖြစ်ပါတယ်။ ဒါဟာ လက်ရှိအချိန်မှာ အပူတပြင်း ဖာထေးရမဲ့ ဟာကွက်တွေ ဖြစ်ပါကြောင်း။ ။
“စနစ်ပြောင်း တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ရန်အတွက် စိတ်၊ စေတနာ၊ ဇော အားကောင်းရုံနဲ့ မလုံလောက်ပါဘူး။ ခေါင်းဆောင်မှုပုံစံ မှန်ကန်မှုဟာ အလွန်အရေးကြီးပါတယ်”