ရေးသားသူ- ဖွေး
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၇) မှ ကောက်နုတ်ဖော်ပြသည်။
သတ္တလောက ရှိသမျှအတွင်း
အလုပ်ကိုယ်စီ ဆောင်ရွက်ကြရင်း
နေ့ရက်များကို ကျော်ဖြတ်
အချိန်ရာသီတွေ ကုန်ဆုံး
တမိုးအောက် တမြေနေ တရေသောက်
တလေရှု အတူတကွ ရှင်သန်ကြလျက်
အနိမ့်အမြင့်တွေ ကွာခြား
ပျံသန်းနေတဲ့ ငှက်ကလေးသဖွယ်
ကြိုးစားရင်း ဟိုး..... အမြင့်သို့ ။ ။
မာန်မာနတွေ ခဝါချ
နိမ့်ကျတဲ့ လုပ်ရပ်လည်း
ဝမ်းစာရေးနဲ့ ဖလှယ်လို့
အမျိုးသားနဲ့ ရင်ဘောင်တန်း
ရှေ့ဆက်လှမ်းချင်း တူညီပါလျက်
လုပ်အားခတွေ လျော့ရ၍လည်း
တို့အမျိုးသမီးများ အလုပ်လုပ်ဆဲ ။ ။
တန်းတူပြိုင်လည်း
အမျိုးသမီးတို့မှာ ဘာမှမနိုင်
ဖြစ်ရပ်များရဲ့ စီးပွားရေးကြား
အဆင့်ချင်း ယှဥ်ပါလိမ့်
အမျိုးသားထက် တပန်းမသာခိုက်
မနက်မိုးလင်း အလုပ်စ
မြင်ရသူမှာ အိမ်ရှင်မ
စက်ရုံအလုပ်ရုံတွင် သာမက
အိမ်တွင်းရေးလည်း အမျိုးသမီးဟာ
အတော်များများ အလုပ်သမပါပဲ ။ ။
တနေ့တာ အလုပ်ဆင်းချိန်
ဘယ်လောက်ပင် တူပါလျက်
လုပ်အားခမှာ လက်ဖျားအကွာ
တစ်ပဲပိုရသည်ဟူ၍ ဘယ်မျှမရှိ
အားအင်ချင်း ကွာရင်တောင်မှ
စိတ်ဓာတ်ကို လာမယှဥ်စမ်းပါနဲ့
ရင်ဘောင်တန်းခွင့် ပေးလျှင်
တို့အမျိုးသမီးတွေလည်း စွမ်းဆောင်နိုင်မှာပဲ ။ ။
အလုပ်နေရာချင်း တူပါလည်း
ရာထူးမြင့်ဟာ အမျိုးသားအများပဲ
ခွဲခြားတဲ့ အယူဝါဒကြောင့်သာ
အမျိုးသမီးတို့မှာ အားငယ်ရှာ
ခွဲခြားဆက်ဆံမှုတွေ ဖယ်ရှား
လက်တွဲကူလို့ ပေါင်းစည်းအား
အလုပ်သမားနေ့ကို ဂုဏ်ပြုလို့
ခွဲခြားမှုကို ရပ်တန့်စေဖို့
လုပ်သားချင်း တန်းတူညီ
အမျိုးဘာသာမရွေး စည်းလုံးဖို့လေ
ညီညွတ်တဲ့ အင်အားအစုအပေါင်း
ရောင်ခြည်လင်းကာ တိုးတက်စေကြောင်း ။ ။
မေဒေးကို အစဖော်ကာ
ရည်ရွယ်မှုကို အခြေပြုတာ
အလုပ်သမားအများစုပါ
လုပ်ရည်ကိုင်ရည် ကျွမ်းကျင်မှု
ဒီထက်မက တိုးတက်လို့
ပေါင်းစည်းရေးနဲ့ နည်းပညာရေး
အလုပ်သမတို့အား စွမ်းဆောင်ခွင့်ပေး
လူသားချင်း အခွင့်ရေးတန်းတူညီ
ဒို့အမျိုးသမီးထုကို ကြိုဆိုပါလေ
စိတ်အားထက်သန်ခြင်း လက်တစ်ကမ်း
အကောင်အထည်ဖော်၍ ရှေ့ဆက်လှမ်း
ဒီနှစ်ရဲ့ မေဒေးကို ဂုဏ်ပြု
ကြိုးစားခြင်းနဲ့ အောင်လံလွှင့်စို့ ။ ။
အမျိုးသမီးအသံအမျိုးသမီးအားမာန်စာစဉ်အမှတ်(၇)ကို အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီရှင်။
https://drive.google.com/file/d/1bYrwUV79wkNmbMY61EmLFSUt3BuPl0Kn/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media