မလွင်လွင် (စက်ရုံအလုပ်သမ)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၇) မှ ကောက်နုတ်ဖော်ပြသည်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုပ်ငန်းခွင်အခက်အခဲတွေ အများကြီးပေါ့။ ပြောပြရင်ရင် မကုန်ဘူး။ အာဏာမသိမ်းခင်ကတော့ အခက်အခဲတွေကို ချက်ချင်းထလုပ်ပစ်လိုက်လိုရတယ်။ အခုကတော့ သည်းခံနေရတယ်။ အရင်တုန်းက မေဒေးနေ့တွေဆို အဖွဲ့ချုပ်စီမံပေးတဲ့အဝတ်လေးတွေ ဆင်တူ ဝတ်ကြတယ်။ နေရာတနေရာမှာလူစုလူဝေးတွေနဲ့ပေါ့ ပြဇာက်တွေ လုပ်ကြတယ်။ စက်ရုံထဲကအခက်အခဲတွေပြဇာတ်လုပ်ပြီး သရုပ်ဆောင် ကြတာပေါ့။ ဓာက်ပုံတွေရိုက်ကြနဲ့ ပျော်နေရတယ်။ အခုဆို ဘာမှ မလုပ်ရတော့ဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ အခက်အခဲတွေ အများကြီးရှိတာပေါ့။
စက်ရုံကမန်နေဂျာနဲ့ ပြောရတဲ့အပိုင်းတွေက အများကြီးပဲပေါ့။ ရသလောက်တော့ ရအောင်ယူရတယ်။ အလုပ်သမားတွေမနစ်နာအောင်လည်း ရအောင်ပြောရတယ်။ အခွင့်အရေးတွေရအောင်လည်း မနည်းပြောရတွေလည်း ရှိတာပေါ့။ လုပ်ခလစာကတော့ သူများစက်ရုံတွေ ရသလောက် ရအောင် တောင်းရတာပေါ့။ အခုချိန်မှာကလုပ်ချင်တိုင်းမလုပ်ရတာတော့ ရင်နာရတာပေါ့။ နိုင်ငံရေးကြီး အမြန်ပြီးမြောက်ပါစေ။ အလုပ်သမားထုအားလုံးလည်း လုပ်ခလစာတွေလည်း အများနဲ့တန်းတူမရသေးတဲ့ အလုပ်သမားတွေလည်း အမြန်ဆုံးရကြပါစေ။ အလုပ်သမားအခွင်ရေးကို မရကြသေးတဲ့အလုပ်ရုံတွေလည်း အမြန်ဆုံးရကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မစု (စက်ရုံအလုပ်သမ)
အရင်တုန်းကတော့ လွတ်လပ်စွာလမ်းလျှောက်ပြီး အလုပ်သမားအခွင့်အရေးတွေကို တောင်းဆိုကြတယ်။ အင်္ကျီ ဆင်တူတွေ ဝတ်ပြီးလမ်းလျှောက်တာတွေကတော့ အမှတ်တရပါပဲ။ အာဏမသိမ်းခင်ကတော့ အကြောင်းတစ်ခုခုဖြစ်ရင် ရုံးမှာသွားပြီး ဖြေရှင်းကြတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဘယ်မှတိုင်လို့ မရတော့ အလုပ်သမားတွေကို အလုပ်ရှင်က စိတ်ကြိုက် လုပ်တော့ တာပေါ့။ Super၊ Leader တွေက ဆဲဆိုပြီးခိုင်းတော့တာပဲ၊ မလုပ်နိုင်တဲ့ အလုပ်သမားတွေကတော့ အလုပ်ထွက်ကြတာပေါ့။ အာဏာသိမ်းပြီးနောက်မှာ ခွင့်ယူဖို့ခက်ခဲလာတယ်။
Super၊ Leader တွေနဲ့တည့်နဲ့သူတွေကျတော့ အလွယ်ရတယ်။ သူတို့အမြင်မကြည်တဲ့သူကျတော့ ခက်ခဲတယ်။ခွဲခြားလာတယ်။လုပ်ခလစာနဲ့ပတ်သက်ပြီး အာဏာမသိမ်းခင်ကတော့ ပိုပါတယ်။ စားပြီး သောက်ပြီး စုလို့ရတယ်။ အခုနောက်တော့ မလောက်တော့ဘူး။ ကုန်ဈေးနှုန်းကကြီးတော့။ အလုပ်သမား အခွင့်အရေးတွေကို အာဏာသိမ်းပြီးတဲ့နောက်တော့ အလုပ်သမားတွေစည်းလုံးမှုနဲ့ အလုပ်သမားအခွင့်အရေး တွေကို စုစည်းမှုနဲ့ တောင်းဆိုတယ်။ အလုပ်သမားထုအားလုံးအတွက် တောင်းဆိုချင်တာကတော့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာတောင်းဆိုခွင့် အမှန်တရားကို လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ကို အလုပ်သမားထုကြီးအတွက် လိုချင်ပါတယ်။
ဖြိုးယမုံ (စက်ရုံအလုပ်သမ)
အရင်တုန်းက ကိုဗစ်တို့ အာဏာသိမ်းမှုတွေ မဖြစ်လာခင်က စက်ရုံတကာက စုဝေးပြီးတော့ ယူနီဖောင်းဆင်တူတွေ ဝတ်ကြတယ်။ စက်ရုံတိုင်းကသမဂ္ဂခေါင်းဆောင်တွေက အကုန်လုံးကို ခေါ်သွား ပြီးတော့ အဲ့လိုတစုတဝေးထဲမှာ စည်းလုံးညီညွှတ်မှု အလုပ်သမား စည်းလုံးညီညွှတ်မှုတွေ ပြောကြတယ်။ နာမည်ကြီးတဲ့ အဆိုတော်တွေကအစ အလုပ်သမားတွေကနိုင်ငံတော်ရဲ့ တထောင့်တနေရာမှာ ပါဝင်ကြတယ်။
အားမလျော့ဖို့ ကိုယ့်ကိုကိုတန်ဖိုးရှိကြောင်း အဲလိုလာပြောကြတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးသိန်း ကိုယ်တိုင်လည်း လာပြီးတော့ အလုပ်သမားတွေကို အားပေးစကားတွေပြောတယ်။ အရင်နှစ်တွေ တုန်းကတော့ အဲ့လိုလုပ်ဖြစ်တယ်။ ဒီနောက်ပိုင်းနိုင်ငံရေးမကောင်းတာနဲ့ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာ အဲ့လိုအခွင့်အရေးတွေလည်း မရှိတော့ဘူး။ အဲ့လိုအမှတ်တရတွေလည်းမရှိတော့ပါဘူး။
မေဒေးနေ့ဆို ယူနီဖောင်းတောင် လိုက်ဝယ်လို့မရတဲ့အနေအထား ဖြစ်သွားပါတယ်။ ကိုဗစ်မှာကိုက လှုပ်ခတ်သွားတယ်။ တချို့မိဘတွေက ပြန်ခေါ်တာတွေ ရှိတယ်။ အဲ့လိုမျိုးလှုပ်ခတ်သွားပြီးတော့ စစ်ဖြစ်တဲ့အချိန်မှာ ပိုပြီးဆိုးသွားတယ်။ နောက်ပိုင်းစက်ရုံတွေက သူဌေးတွေက မြန်မာနိုင်ငံမှာ ထပ်ပြီး မရင်းနှီး၊ မမြုပ်နှံချင်တော့တဲ့အခြေအနေမျိုးမှာ တရုံနဲ့တရုံ အလုပ်သမားတွေ ပြောင်းရွေ့ရတာမျိုးတွေ လုပ်ငန်းခွင် ရှားပါးသွားတာတွေ အများကြီးကြုံတွေ့ရတယ်။ အခုဆိုလည်း အဲ့လိုမျိုးပါပဲ။
လုပ်ငန်းခွင်ရှားပါးသွားတော့ အလုပ်သမားတွေကို သူဌေးတွေက ပိုပြီးဖိနှိပ်တာတွေ၊ အရင်ကထက် ချုပ်ချယ်တာတွေ အလုပ်သမားအခွင့်အရေးကို အရင်တုန်းကလောက် လွယ်လွယ်ကူကူ မရတော့တာတွေလည်း ကြုံရပါတယ်။ လုပ်ခလစာကလောက်ငမှုရှိလားဆိုတော့ ကုန်ဈေးနှုန်းက တက်နေတာဆိုတော့ သူတို့က ဒီလိုမျိုး တပြေးညီ တက်မယ်ဆိုလည်း ကျွန်မအနေနဲ့ဖြစ်စေချင်တာ။
သူဌေးတွေအကုန်လုံးစည်းလုံးတယ်ဆို တက်မယ်ဆိုလည်း တပြေးညီတက်လိုက်ပေါ့။ အဲ့လိုမျိုးမဟုတ်ဘူး။ အခုဒီရုံကတက်တယ်။ ဒီရုံကကျတယ်။ အဲ့လိုမျိုးတွေဆိုတော့ ဝန်ထမ်းတွေအနေနဲ့ အရမ်းအခက်အခဲ ဖြစ်ရတယ်။ အလုပ်သမားထုက ဆန္ဒမပြမချင်း အလုပ်သမားထုက မတောင်းမဆိုမချင်း သူတို့က မသိချင်ယောက်ဆောင်နေတာမျိုးတွေ တကယ့်တကယ်တောင်းဆိုလည်း တောင်းဆိုသလောက် မပေးဘူး။
နည်းနည်းပဲပေးတာမျိုး၊ အချိန်ဆွဲတာမျိုး အများကြီးကြုံတွေ့ရပါတယ်။ သူတို့ကို တင်ပြတဲ့အခါမျိုးမှာလည်း တဦးတယောက်ထဲခံရတာ မဟုတ်ဘူး။ သူတို့ဘက်ကိုလည်း ပြန်ကြည့်ပေါ့။ သူတို့ကလည်း အရင်းမရှိဘဲနဲ့ အမြတ်ဆိုတာဖြစ်လာမှာ မဟုတ်ဘူး။ အဲ့လိုမျိုး ကွန်ပလိမ်းတွေတက်ပြီးတော့ အလုပ်သမားတွေကို လုပ်ခလစာကို ပြည့်ပြည့်ဝဝမပေးချင်ဘူး။
ခိုင်းတာက နှစ်ယောက် သုံးယောက်လုပ်ရမယ့်အရာကို တယောက်ထဲခိုင်းတာမျိုး လုပ်ခလစာ နင်တို့လိုချင်သလောက်ပေးမယ်။ ပြီးရင်ငါတို့ခိုင်းသလောက်ကို နင်တို့လုပ်ပေးရမယ်၊ နှစ်ယောက်လုပ်ရမှာကို တယောက်ထဲလုပ်ရမယ် သုံးယောက်လုပ်ရမယ့်ဟာကို နှစ်ယောက်လုပ်ရမယ် အဲ့လို သူတို့ဘက်က ချိုးဖောက်မှုတွေရှိလာပါတယ်။
အခုနောက်ပိုင်းမှာက သူတို့က လစာတိုးပေးရတဲ့အခြေအနေမှာ ဘယ်သူ့ကိုပဲကြည့်လိုက်ကြည့်လိုက် တချို့စက်ရုံတွေဆို လူစကားနားမလည်ဘူးတောင်ပြောရမလား အခုလိုခေတ်ကာလ စိုးရိမ်နေရတဲ့ အခြေအနေမျိုးမှာ တခုခုဆို ၈ နာရီခေါ်တာတို့ ၁၀နာရီခေါ်တာတို့ OT ချိန်တွေ အရမ်းကြီးတောင်းတယ်။ ဝန်ထမ်းတွေကို မညာမတာခိုင်းတယ်။အဲ့လိုမျိုးတွေ့မြင်နေတာတွေလည်း ရှိပါတယ်။
ညဘက်က ဖယ်ရီရှိပေမယ့် အိမ်ထိမဟုတ်ဘူး။ လမ်းထိပ်မှာပဲချပေးတာ လမ်းထဲမှာ ဘာဖြစ်မလဲဆိုတာ မပြောနိုင်ဘူး။ လုယက်တာတွေ ရှိတယ်။ မီးကလည်းပျက်တယ်။ ဒီနေ့ OT ခေါ်လို့မလုပ်ရင် နောက်နေ့ အညိုးထားပြီးပြောတာတွေ ခြိမ်းခြောက်တာတွေလည်းရှိတယ်။ နောက်နေ့အတွက်ကို ကြိုတွေးပြီးတော့ ဒီတညတော့ဖြစ်ချင်တာဖြစ်ဆိုပြီး ဆင်းလိုက်ရတဲ့ဝန်ထမ်းတွေလည်း ရှိတယ်။
တချို့ကလေးတွေကလည်း မဆင်းချင်ဘူး။ သူတို့အထက်ကခေါင်းဆောင်တွေ ဖိအားတွေကိုကြောက်လို့ အဲ့လိုညကြီးမိုးချုပ် ဆင်းနေရတာ တွေလည်း တွေ့ရပါတယ်။ ကျွန်မတို့စက်ရုံဆို နှစ်ယောက်သုံးယောက်လုပ်ရမယ့်အလုပ်ကို တစ်ယောက်ထဲ ခိုင်းတာမျိုးတွေ မရရင်ပြောဆိုတာမျိုးတွေ နောက်ပြီး တစ်နာရီကို သူက ဘယ်လောက်လုပ်နိုင်တယ်။ ဘယ်လောက်ခိုင်းရင်ကောင်းမလဲဆိုတာမျိုးတွေ ရှိတယ်။
မေဒေးနေ့နဲ့ပတ်သက်ပြီးဖြစ်နိုင်ရင် အရင်လိုမျိုး စည်စည်ကားကားလေး မေဒေးနေ့ရောက်ပြီဆို ပျော်ပျော်ပါးပါးထက် စည်းစည်းလုံးလုံးနဲ့ စက်ရုံတစ်ရုံနဲ့တရုံ အလုပ်သမားတွေအားလုံးလည်း ငါတို့အလုပ်သမားထုကြီးက ဒီလောက်တောင်များပြားပါလားဆိုတဲ့ စိတ်ခွန်အားလည်း ဖြစ်စေတယ်။ အဲ့လိုမျိုးလည်း ပြန်ဖြစ်ချင်တယ်။ လောလောဆယ်မဖြစ်နိုင်ဘူးလည်း သိပါတယ်။ အခုက လူ ၁၀ ယောက်ထက် ပိုစုရင်တောင်ဖမ်းမယ်စီးမယ်ဆိုတာလည်း သိတယ်။ အဲ့လိုမျိုး ပြန်ဖြစ်စေချင်တယ်။
အရင်တုန်းက အဲ့လိုမျိုးသူတို့ဆောင်ရွက်ပေးခဲ့တာတွေ စက်ရုံရဲ့သမဂ္ဂခေါင်းဆောင်တွေ ဆောင်ရွက် ပေးခဲ့တာတွေ၊ အဲ့လိုမျိုးလေးတွေ ကိုယ်တွေကိုအမှတ်တရဖြစ်စေခဲ့လို ကျေးဇူးတင်ပါတယ်။
အမျိုးသမီးအသံအမျိုးသမီးအားမာန် စာစဉ် အမှတ်(၇) ကို အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီရှင်။
https://drive.google.com/file/d/1bYrwUV79wkNmbMY61EmLFSUt3BuPl0Kn/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media